The Country Girl (1954) IMDB : 7.2 Rotten Tomatoes : 78% Genre : Drama / Music / Romance " The Country Girl " ရုပ်ရှင်ဟာ 1954 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Clifford Odets ရဲ့ နာမည်ကြီးစာအုပ်ထဲက ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။ ဒါရိုက်တာ George Seaton ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကြည့်ပြီးရင် စိတ်ထဲမှာ တစ်ခုခု ကျန်နေရစ်မယ့် Timeless Classic drama လိုမျိုးပါပဲ ။ဒီကားက Academy Awards ၂ ဆုလည်းရရှိခဲ့ပါတယ်။ Grace Kelly အတွက် Best Actress နဲ့ Best Writing (Adapted Screenplay)ဆုတွေရရှိခဲ့ပါတယ် ။ - ဇာတ်လမ်းအညွှန်း ဇာတ်လမ်းက တစ်ချိန်က အောင်မြင်ခဲ့တဲ့ မင်းသား Frank Elgin (Bing Crosby) နဲ့ စတင်ထားပါတယ်။ သူက တစ်ချိန်က လူကြိုက်များတဲ့ မင်းသားဖြစ်ပေမဲ့ အောင်မြင်မှုဒဏ်ကိုမခံနိုင်ဘဲ အရက်သမားဖြစ်သွားပြီး ၊ စိတ်ခံစားမှုမတည်ငြိမ်မှုတွေကြောင့် အောင်မြင်မှုတွေကို အကုန်ဆုံးရှုံးသွားခဲ့တယ် ။ သူလုံးဝ အားကိုးနေရတဲ့သူကတော့ ဇနီး ဖြစ်သူ Georgie (Grace Kelly) ပဲ ဖြစ်ပါတယ်။ Georgie က သူ့ ယောက်ျားအောင်မြင်ဖို့အတွက် အမြဲကြိုးစားပြီး စိတ်ပိုင်းဆိုင်ရာမှာ ထောက်ပံ့ပေးနေရသူတစ်ယောက်ဖြစ်တယ်။ အဲဒီအချိန်မှာတော့ ဒါရိုက်တာ Bernie Dodd (William Holden) က Frank ကို နောက်ဆုံးအခွင့်အရေးပေးချင်ပြီး ပြန်လည်အောင်မြင်ဖို့ ဇာတ်လမ်းတစ်ခုမှာ အဓိက ဇာတ်ကောင်အနေနဲ့သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ Frank ရဲ့ အားနည်းချက်တွေ၊ စွဲလမ်းမှုတွေကြောင့် Georgie အနေနဲ့ သူ့ယောက်ျားစိတ်အခြေအနေတည်ငြိမ်ဖို့ ၊ ဇာတ်လမ်းမှာ ကောင်းကောင်းမွန်မွန် ပြန်သရုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားပြီး အားပေးအားမြှောက်လုပ်ခဲ့ရတယ်။ တစ်ချိန်တည်းမှာလည်း Bernie က Frank စိတ်ဒဏ်ရာရနေတာတွေက Georgie ကြောင့်လို့ထင်ခဲ့တယ် ။ အမှန်တကယ်က Georgie ကပဲ သူ့ယောက်ျားအတွက် အနစ်နာခံခဲ့ရတာ။ Bernie က Georgie အကြောင်းသိပြီးတဲ့နောက်မှာတော့ အိမ်ထောင်သည်အမျိုးသမီး Georgie အပေါ်ကို သဘောကျစိတ်ဖြစ်လာခဲ့တယ်။ အဲလိုနဲ့ နောက်ပိုင်းမှာ Frank က ဇာတ်လမ်းကို ပြီးမြောက်အောင် ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ပြီး ပြန်ပြီးအောင်မြင်နိုင်မလား ၊ သူနဲ့ Georgie ရဲ့ အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးမို့ Classic Movie Fan တွေအကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ် ။ #အဓိက သရုပ်ဆောင်များ Bing Crosby – Frank Elgin အဖြစ် Grace Kelly – Georgie Elgin အဖြစ် William Holden – Bernie Dodd အဖြစ် သရုပ်ဆောင်ထားပါတယ် File size… 1.8 GB / 2.1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h44m Genre ... Drama / Music Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်