Raising Cain (1992) IMDb Rating (6.1) / Rotten Tomatoes (64%) ကလေး စိတ်ပညာရှင် ဒေါက်တာ ကာတာဟာ သူတို့သမီးအပေါ် သုတေသနပြုစရာတစ်ခုလို ဂရုစိုက်လွန်းတာကြောင့် ဇနီးဖြစ်တဲ့ဂျန်နီက အစိုးရိမ်လွန်လာခဲ့ပါတယ်။ တကယ်တမ်းတော့ အပေါ်ယံမှာပြီးပြည့်စုံပြီး သဘောကောင်းလွန်းလှတဲ့ ကာတာရဲ့ခန္ဓာကိုယ်ထဲမှာငုပ်လျှိုးနေတဲ့ ကြောက်စရာ စရိုက်ကွဲတွေ ရှိနေပါသေးတယ်။ အဲ့ဒီစရိုက်ကွဲတွေက လွှမ်းမိုးချိန်မှာ ကာတာဟာ ကြောက်စရာကောင်းလှတဲ့စက်ဆုပ်စရာ ပြစ်မှုတွေကို ကျူးလွန်တတ်ပြီး ပုံမှန် ကာတားစရိုက်မှာတော့ သူက ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ပါပဲ။ တစ်ဖက်မှာလည်း ဂျန်နီက သူ့ရည်းစားဟောင်းနဲ့ဖောက်ပြန်နေပြီး ကာတားကိုစွန့်ခွာဖို့ပြင်ဆင်ရာကနေ ကာတား သိသွားပြီးဂျန်နီကိုပါ သတ်ဖို့ကြံစည်ပါတော့တယ်။ ဂျန်နီ ထွက်ပြေးလွတ်မြောက်သွားချိန်မှာတော့ ကာတာရဲ့နောက်ကွယ်က ကြောက်စရာလျှို့ဝှက်ချက်တွေ စရိုက်ကွဲတွေကြားက ရှုပ်ထွေးတဲ့ ဝိရောဓိတွေ တစ်ရစ်ချင်းပေါ်ပေါက်လာချိန်မှာတော့..။ အားလုံး တက်ညီလက်ညီချီးကျူးကြတာကတော့ John Lithgow ရဲ့စရိုက်ကွဲ အမျိုးမျိုးကို ပီပြင်ပြောင်မြောက်စွာ ပုံဖော်နိုင်မှုပါပဲ။ ဇာတ်လမ်းရဲ့အချိုးအကွေ့တွေကလည်း ခန့်မှန်းလို့မရအောင်ဆန်းသစ်လှပြီး စိတ္တဇရုပ်ရှင် သဘောကျတဲ့သူတွေ သမားရိုးကျကနေ ခွဲထွက်နေတဲ့ Thriller ကောင်းကြိုက်သူတွေ သဘောကျနှစ်သက်ကြမယ့် ဂန္ဓဝင်လက်ရာတစ်ခုဖြစ်ပါတယ်။ File size… (1.6 GB) / (940 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:32:55 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်