★ 7.4
ဇာတ်ကား / 2022Hocus Pocus 2
မီးတောက်နက်ဖယောင်းတိုင် ပြန်ထွန်းလင်းလာတာနဲ့အတူ ဝင်နီ၊ ဆာရာနဲ့ မယ်ရီဆိုတဲ့ စုန်းမညီအစ်မသုံးယောက် ဆေလင်မြို့ကို ပြန်ရောက်လာကြပါတယ်။ သူတို့ဟာ ဒီဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပြီး အသက်ဆက်ဖို့ ဆယ်ကျော်သက်တွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။ အရင်တစ်ခေါက်က ဟောလိုးဝင်းညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီးမွှေခဲ့ကြတယ်။ ဒီတစ်ခါတော့ သူတို့ကို သဘောကျသူတစ်ယောက်ကြောင့် ၂၁ ရာစုက ဆေလင်မြို့ဆီ လက်စားချေဖို့ ပြန်ပေါ်လာတာပါ။ လိုချင်တာရဖို့ ဉာဏ်နီဉာဏ်နက်အစုံ သုံးတတ်တဲ့ စုန်းမသုံးယောက်ကြောင့် မြို့မှာ ဘာတွေထပ်ဖြစ်လာဦးမလဲ။ ၁၉၉၃ ခုနှစ်က Hocus Pocus ရဲ့ အဆက်ကို ဒစ္စနေးက ပြန်လည်တင်ဆက်ထားပြီး မှော်ပညာတွေနဲ့ ဟာသရောထားတဲ့ မိသားစုဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်