A Royal Setting (2026) IMDb Rating (5.8) နန်းတွင်းအချစ်ဇာတ်လမ်း (Royal Romance) တွေကို နှစ်သက်တဲ့သူတွေအတွက် Hallmark-style ကြည်နူးစရာ TV ရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားမှာ ရှေးရိုးစွဲအစဉ်အလာတွေနဲ့ ခေတ်သစ်အမြင်တွေကြားက ပွတ်တိုက်မှုကို ကျောက်မျက်ရတနာတွေရဲ့ အလှတရားနဲ့ ပေါင်းစပ်ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာကျော် ကျောက်မျက်ရတနာပညာရှင် Ruby (Jen Lilley) အကြောင်းပါ။ သူမဟာ Prince Luca (Dan Jeannotte) ရဲ့ ဖိတ်ခေါ်ချက်အရ နန်းတွင်းက သရဖူရတနာ တွေကို ပြန်လည်ပြုပြင်မွမ်းမံပေးဖို့နဲ့ မင်းသားအတွက် သရဖူအသစ်တစ်ခုကို ဒီဇိုင်းဆွဲပေးဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ Ruby ရဲ့ ခေတ်မီတဲ့ ဒီဇိုင်းအယူအဆတွေက နန်းတွင်းရဲ့ နှစ်ပေါင်းများစွာ ခိုင်မာခဲ့တဲ့ ရှေးရိုးအစဉ်အလာတွေကို စိန်ခေါ်သလို ဖြစ်နေပါတယ်။ ဒါတင်မကဘဲ မင်းသား Luca နဲ့ သူ့ရဲ့မိခင်ဖြစ်သူ ဘုရင်မကြီး (Queen) တို့ကြားက ဆက်ဆံရေးကိုပါ ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။ Ruby နဲ့ Luca တို့ကြားက တဖြည်းဖြည်း ပိုတိုးလာတဲ့ သံယောဇဉ်ကနန်းတွင်းအစဉ်အလာတွေကို ကျော်လွန်ပြီး အောင်မြင်မှုရပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဒရမ်မာကားကောင်းလေးပါ။ File size… (1.4 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance,TV Movie Duration…. 01:24:32 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်