2019 မှာ Mary Poppins ပြန်လာမယ်ဆိုပဲ။ Mary Poppins ဆိုတာဘယ်သူလဲ။ နတ်သမီးလေးလား။ ကဝေမလေးလား။ သူက ထူးခြားမှော်ဆန်တဲ့ ကလေးထိန်းမလေးပါ။ Mary Poppins(1964) ကတော့ Comedy, Family, Fantasy ဇာတ်ကားလေးပါ။ Disney ဇာတ်ကားတို့ရဲ့ ထုံးစံအတိုင်း သီချင်းလေးတွေဆို ရယ်စရာလေးတွေပဲပါတယ်ထင်ရင်တော့မှားသွားပါမယ်။ သူပေးချင်တဲ့ ဘဝနဲ့ပတ်သက်တဲ့ Message တွေကလည်း အရမ်းကို ရိုးရှင်းကောင်းမွန်ပါတယ်။ ကလေးတွေအတွက်လည်း အသိတိုးသလို လူကြီးတွေအတွက်လည်း သတိရလာအောင် သတိပေးမယ့် ချစ်စရာ Message လေးတွေကိုမြင်ရမှာပါ။ သီချင်းလေးတွေကလည်း ချစ်စရာပါ။ မိသားစုအတူတူပေါ့ပေါ့ပါးပါးရယ်ရစေမယ့် ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ်။ မိဘတွေရဲ့ ဂရုစိုက်ခြင်းမခံရဘဲ နာနီတွေနဲ့ပဲ အချိန်ကုန်နေရတဲ့ ကလေးတွေဟာ ကလေးဆိုးလေးတွေလိုဖြစ်လာကြပါတယ်။ ကလေးထိန်းတွေတစ်ယောက်ပြီး တစ်ယောက်ပြောင်းနေရတဲ့အချိန်မှာ Mary Poppins က ကလေးတွေရဲ့ အလုပ်ခေါ်စာကိုတွေ့ပြီး ကလေးထိန်းအလုပ်လုပ်ရင်း သူတို့မိသားစုကြားမှာ နွေးထွေးမှုဆိုတာကို ခံစားမိအောင် ထူးခြားတဲ့နည်းလမ်းတွေနဲ့ ကူညီပေးခဲ့ပြီးတော့ သူနေခဲ့တဲ့နေရာကိုပြန်သွားပါတယ်။ IMDB Rating ကတော့ 7 အထိရထားပေမဲ့ ကောင်းမကောင်းဆိုတာ ကိုယ့်အမြင်နဲ့ဆုံးဖြတ်ကြည့်ကြပါဦး။ File Size : (999 MB) and (450 MB) Quality : Blu-Ray 720p Running Time : 2hr 19min Format : Mp4 Genre : Comedy, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.X264-AMIABLE
ဇာတ်ကားကြည့်ရန်