★ 5.6
ဇာတ်ကား / 2021Slumber Party Massacre
ဒန်နာရဲ့မိခင်ဟာ လွန်ပူကိုင်ပြီး လူလိုက်သတ်တဲ့ လူသတ်သမားလက်ကနေ တစ်ဦးတည်း အသက်ရှင်ကျန်ခဲ့သူပါ။ မိခင်ကို အဲဒီအတိတ်ဆိုးကနေ လွတ်မြောက်စေချင်တဲ့ ဒန်နာက အစီအစဉ်တစ်ခု ဆွဲလိုက်တယ်။ သူငယ်ချင်းတစ်သိုက်နဲ့အတူ မိခင်အဖြစ်ဆိုးကြုံခဲ့ရတဲ့နေရာကို ခရီးထွက်ဖို့ပါပဲ။ သူတို့မှာ ကြိုတင်စီစဉ်ထားတာတွေ ရှိပေမယ့် ရောက်သွားတဲ့အခါ မမျှော်လင့်ထားတဲ့အရာတွေနဲ့ ကြုံရပြီး ကိုယ်တိုင်ပါ အသက်ဘေးရင်ဆိုင်လာကြရတယ်။ ဆယ်ကျော်သက်ကောင်မလေးတွေ ဒီအန္တရာယ်တွေကြားကနေ ဘယ်လိုလွတ်အောင် ရုန်းထွက်ကြမလဲ။ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Slumber Party Massacre ကို အသစ်ပြန်ရိုက်ထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။ မူလဇာတ်ကားမှာလည်း အထက်တန်းကျောင်းသူလေးတွေ အပန်းဖြေခရီးထွက်ရင်း လွန်ပူကိုင်လူသတ်သမားနဲ့ ကြုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်