The Kindred (1987) IMDb Rating (5.7) / Rotten Tomatoes (44%) သိပ္ပံပညာရှင် အမန်ဒါဟာ သူမသေခင်မှာ သားဖြစ်သူ ဂျွန်ကို သူ့ရဲ့အန္တရာယ်များလှတဲ့ စမ်းသပ်မှု ဓာတ်ခွဲခန်းမှတ်တမ်း အားလုံးကိုဖျက်ဆီးပစ်ဖို့တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီအပြင် ဂျွန်မှာ ထင်မှတ်မထားတဲ့ ညီအစ်ကိုတစ်ယောက်ရှိနေသေးတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကိုလည်း မသေခင်မှာ ထုတ်ပြောသွားခဲ့တာပါ။ အမန်ဒါရဲ့ ဈာပနပွဲမှာတော့ ဂျွန်ဟာ သူ့အမေရဲ့အကြီးစား ပရိသတ်ပါလို့ မိတ်ဆက်လာသူ မယ်လီဆာနဲ့တွေ့ဆုံခဲ့ပြီး ဂျွန် မယ်လီဆာနဲ့ သူငယ်ချင်းတွေဟာ အမန်ဒါရဲ့နေအိမ်ကိုသွားရောက်ခဲ့ကြပါတယ်။ အဲ့ဒီနေရာမှာတော့ လူသားကလေးငယ်ကို နှာမောင်းလက်တံတွေ ပါဝင်နေတဲ့ ကြောက်စရာ အန်သိုနီကို တွေ့ရှိခဲ့ကြရပြီးနောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်က ပဟေဠိတွေကို အတူအဖြေရှာရင်း အန်သိုနီနဲ့တစ်ခြားအမျိုးအမည်မသိ အန္တရာယ်တွေကို အတူရင်ဆိုင်ကြရပါတော့တယ်။ The Kindred ဟာ ၁၉၈၇ နှစ်ထုတ် Sci-Fi Horror ဇာတ်ကားဖြစ်ပြီး ဂန္ဓဝင်ကာလရဲ့ အငွေ့အသက်တွေ အများကြီးကိုခံစားရမှာပါ။ CGI တွေကို အထူးပြုလို့မရသေးတဲ့ခေတ်မှာ အခုချိန်ထိ ထူးခြားဆန်းသစ်နေဆဲ Practical Effects တွေကိုတွေ့မြင်ရပါလိမ့်မယ်။ File size… (2 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Science Fiction Duration…. 01:35:21 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်