Off the Record (2025) အက်စတာဂရေးဆိုတဲ့ လူငယ်အမျိုးသမီးတစ်ယောက်ဟာ အယ်လ်အေမှာနေတဲ့ တက်သစ်စတေးရေးတေးဆို အမျိုးသမီးအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘရန်ဒန်ဗာ့ဂ်ျဆိုတဲ့ သီချင်းထုတ်လုပ်ရေးနယ်ပယ်မှာကျော်မော်တဲ့ ကိုယ်တိုင်လည်းတေးရေးတေးဆိုဖြစ်တဲ့ နာမည်ကြီးတစ်ယောက်နဲ့တွေ့ပြီး ချစ်ကျွမ်းဝင်သွားကြပါတယ်။ အက်စတာကလည်း ဘရန်ဒန်ဘက်ကနေ နှစ်ယောက်တွေ့ဖြစ်ကြတဲ့အချိန်မှာ တလေးတစားနဲ့ ပိုးပန်းခဲ့တာဖြစ်တဲ့အတွက် အချစ်စစ်အချစ်မှန်လို့ ထင်ပြီး အိမ်မက်ကော ဘဝကြီးပါပြီးပြည့်စုံသွားသလိုခံစားလိုက်ရပါတယ်။ ဒီလိုနဲ့ ဘရန်ဒန်ကလည်း သီချင်းထုတ်လုပ်ရေးမှာအလုပ်လုပ်တော့ အက်စတာ့လို့ တက်သစ်စကို ပံ့ပို့ပေးဖို့ဆိုပြီး အက်စတာ့သီချင်းတွေကို ထုတ်ဝေဖို့အတွက် အက်စတာနဲ့အတူစာချုပ်ချုပ်လိုက်ပါတယ်။ အစပိုင်းမှာတော့ အက်စတာဘက်နေလည်း ပထမဆုံးစာချုပ်လည်းဖြစ် လူယုံတစ်ယောက်ကလည်းတိုက်တွန်းလို့လည်းဖြစ်နဲ့ စာချုပ်ချုပ်တဲ့အချိန်မှာ သေချာမဖတ်မိဘဲ အမှတ်တမဲ့လက်မှတ်ထိုးခဲ့မိပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာတဲ့အချိန်မှာ ဘရန်ဒန်ဟာ စိတ်ဖောက်ပြန်လာပါတယ်။ ဘရန်ဒန်ဟာ မဆိုရင်မဆိုသလို အက်စတာ့အပေါ်စိတ်ဆိုး ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပြီး လေးစားမှုမရှိလာတော့ပါဘူး။ အငြိုးထားတတ်ပြီး ကလေးဆန်တဲ့ ဘရန်ဒန်ရဲ့အပြူအမူကိုမြင်လာရတဲ့အခါမှာ နောက်ဆုံးအက်စတာဟာ ဘရန်ဒန်နဲ့လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်အစကပြန်ဖောက်ဖို့ ဘရန်ဒန်ရဲ့ရိုက်နှက်မှုတွေကြားကနေ ရုန်းကန်ရပါတော့တယ်။ File size… (1.3 GB) / (650 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Music Duration…. 01:35:30 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်