Copycat (review) (၁၉၉၅) ခုနစ်က ထွက်ရှိခဲ့တဲ့ Psychological Thriller ဇာတ်ကားကောင်း “Copycat”ကတော့ ရှေ့က ဖြစ်ပျက်ခဲ့တဲ့ နာမည်ကျော် ကွင်းဆက်လူသတ်သမားတွေကို ကျောရိုးယူပြီး လူသတ်မှုတွေကို တစ်ပုံစံတည်း ထပ်တူလိုက်ဖန်တီးနေတဲ့ ပုံစံတူလိုက်လုပ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ဒေါက်တာဟတ်ဒ်ဆန်နဲ့ စုံထောက်တွေ ဖော်ထုတ်ကြတဲ့ မှုခင်းပိုင်းဆိုင်ရာ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒေါက်တာဟတ်ဒ်ဆန်က မှုခင်းပိုင်းဆိုင်ရာစိတ်ပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ ကွင်းဆက်လူသတ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေကို စာအုပ်ထုတ်လုပ်ရေးသားထားသူတဖြစ်လည်း ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဟောပြောပို့ချပွဲတစ်ခု ပြီးတဲ့နောက် ဒေါက်တာဟတ်ဒ်ဆန်ဟာ လူသတ်သမားတစ်ယောက်ရဲ့ လုပ်ကြံမှုကို ခံလိုက်ရပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်ရဲ့ လူသတ်သမားကို ဖမ်းဆီးခဲ့မိပေမယ့်လည်း ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်က ဒေါက်တာဟတ်ဒ်ဆန်ရဲ့ စိတ်ကို ဒဏ်ရာအကြီးအကျယ်ရသွားစေခဲ့တာကြောင့် Agoraphobia လို့ ခေါ်တဲ့ လူတောထဲသွားရမှာ ကြောက်တဲ့စိတ်၊ အိမ်ထဲကနေ အိမ်အပြင်ကို ထွက်ရမှာကြောက်တဲ့ စိတ်တွေနဲ့ အကြောက်လွန်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်မျိုး ဖြစ်သွားခဲ့ပါတယ်။ တစ်နှစ်လောက်လည်းကြာကော အလားတူ လူသတ်မှုတွေဟာ ထပ်မံဖြစ်ပွားလာပါတော့တယ်။ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ကွင်းဆက်လူသတ်သမားတွေရဲ့အမှုတွေနဲ့ ထပ်တူကျတဲ့ လူသတ်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တာကြောင့် သေမှုသေခင်းဌာနက စုံထောက်တွေဟာ ဒေါက်တာဟတ်ဒ်ဆန်ရဲ့အကူအညီကို လိုအပ်လာပါတော့တယ်။ ဆိုတော့ (၁၉၉၅) ခုနှစ်ထွက် “Copycat” ဇာတ်ကားထဲမှာ အိမ်ထဲကနေ အိမ်အပြင်ကိုတောင် မထွက်နိုင်တဲ့ ဒေါက်တာဟတ်ဒ်ဆန်က ဒီကွင်းဆက်အမှုတွေကို ဖော်ထုတ်တဲ့ နေရာမှာ အကူအညီပေးမှာလား ဒါမှမဟုတ် လူသတ်သမားကို ဖော်ထုတ်ပေးသွားနိုင်မှာလား ဆိုတာကို ခံစားကြည့်ရှုလို့ရပြီပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်