★ 6.2
ဇာတ်ကား / 1995Nick of Time
ရထားဘူတာတစ်ခုမှာ ထူးဆန်းတဲ့လူနှစ်ယောက်က တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ခိုင်းဖို့ ကြုံရာလူတစ်ယောက်ကို ရွေးနေကြပါတယ်။ အဲဒီအချိန်မှာ ဇနီးနဲ့ ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်ဟာ သမီးလေးလက်ကို ဆွဲပြီး ဘူတာထဲ ဝင်လာတယ်။ သူတို့ထဲက တစ်ယောက်က ဝက်ဆန်ကို သူတို့အစီအစဉ်အတွက် သင့်တော်တဲ့သူလို့ သတ်မှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဝက်ဆန်ဟာ သမီးလေးကို အကြောင်းပြု ခြိမ်းခြောက်အကျပ်ကိုင်ခံရပြီး ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးကို လုပ်ကြံဖို့ စေခိုင်းခံရတော့တယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လူသုံးယောက်ရဲ့ဘဝ ဘယ်လိုပြောင်းလဲသွားမလဲ၊ သမီးအတွက်ပါ စိုးရိမ်နေရတဲ့ ဝက်ဆန်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါ့မလားဆိုတာကို အခြေခံထားတဲ့ မှုခင်းနဲ့ အက်ရှင်ပါဝင်သော သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်