★ 6.4
ဇာတ်ကား / 2022Aqua Teen Forever: Plantasm
Aqua Teen Hunger Force ကာတွန်းစီးရီးထဲက မစ်ရှိတ်၊ အသားလုံးနဲ့ အာလူးချောင်းကြော်ဆိုတဲ့ အဓိကဇာတ်ကောင်သုံးယောက် ပါဝင်ထားတဲ့ ကာတွန်းဟာသကားပါ။ သူတို့နဲ့အတူ ဂြိုဟ်သားတွေ၊ အပင်ကောင်တွေ၊ လူတွေအပြင် ကြည့်နေတဲ့ပရိသတ်ကို လှမ်းဆဲတတ်တဲ့ 8-bit Mooninite နှစ်ကောင်လည်း ပါလာပါတယ်။ Rick and Morty စီးရီးကို ထုတ်လုပ်ခဲ့တဲ့ Adult Swim ရဲ့ လက်ရာဖြစ်ပြီး ထူးဆန်းတဲ့အဖြစ်အပျက်တွေ၊ မဖြစ်နိုင်တဲ့အရာတွေနဲ့ ပရိသတ်ကိုပါ ဝင်နှောင့်တတ်တဲ့ ဇာတ်ကောင်တွေကို တွေ့ရမှာပါ။ ကာတွန်းဆိုပေမယ့် ကလေးတွေအတွက် မသင့်တော်တဲ့အခန်းတွေ ဆက်တိုက်ပါဝင်လို့ လူကြီးတွေအတွက် ရည်ရွယ်ထားပါတယ်။
ဇာတ်ကားကြည့်ရန်