Operation Taco Gary's (2026) 2000 ပြည့်နှစ်ဝန်းကျင်က ခံစားချက်မျိုးကို ပြန်ရစေမယ့် Road Trip ဟာသကားမျိုးဖြစ်ပြီး အခုနှစ်ထဲမှာအသစ်စက်စက်ထွက်ရှိလာတဲ့ Operation Taco Garysဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆင်ပေးလိုက်ပါတယ်....... ဒီဇာတ်ကားဟာ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဟာသကားတစ်ကားဆိုပေမယ့်၊ ဇာတ်လမ်းရဲ့ အနှစ်သာရမှာတော့ "ကျွန်တော်တို့ ယုံကြည်နေတဲ့အရာတွေက တကယ်ပဲ အမှန်တရားလား?" ဆိုတဲ့ မေးခွန်းကို ဟာသနှောပြီး မေးခွန်းထုတ်သွားပါတယ်။ တစ်ခါတလေတော့လည်း ဘဝဆိုတာ မမျှော်လင့်ထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ ကိုယ့်ဘေးနားက လူတွေနဲ့ ဘယ်လို ရင်ဆိုင်မလဲဆိုတာကို ဒီကားလေးက သင့်ကို ပြုံးပျော်စေရင်း ပြောပြသွားပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့... တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်နေတဲ့ ညီအစ်ကိုနှစ်ယောက် (ဒန်နီ နဲ့ လုခ်) ဟာ ခရီးတစ်ခုအတူတူ ထွက်မိကြရာကနေ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်လောက်တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို မတော်တဆ ရှာဖွေမိသွားကြပါတယ်။ သူတို့နှစ်ယောက် ရှာဖွေတွေ့ရှိလိုက်တာကတော့ "Taco Gary’s" ဆိုတဲ့ စားသောက်ဆိုင်ကြီးဟာ တကယ်တော့ ဂြိုဟ်သားတွေရဲ့ လျှို့ဝှက်အခြေစိုက်စခန်း ဖြစ်နေတယ်ဆိုတာပါပဲ.... ဇာတ်လမ်းထဲက ထူးဆန်းတဲ့ လျှို့ဝှက်ချက်တွေကို သူတို့ညီအစ်ကိုနှစ်ယောက်နဲ့အတူ လိုက်ရှာကြည့်လိုက်ရအောင် File Size - 1.7 GB/ 931 MB Quality - WEB-DL 1080p/ 720p Duration - 1h 28m Format - mp4 Genre - Action, Comedy, Sci-Fi Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်