"The House Bunny" (၂၀၀၈) ရုပ်ရှင်ကို Anna Faris ရဲ့ ဟာသသရုပ်ဆောင်မှု အားကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါး Comedy ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ Shelley (Anna Faris) ဆိုတဲ့ Playboy အိမ်တော်က Bunny မော်ဒယ်လ်လေးအကြောင်းပါ။ သူမ အသက် ၂၇ နှစ်ပြည့်တဲ့အခါ "အသက်ကြီးပြီ" ဆိုပြီး အိမ်တော်ကနေ ထွက်ခွာပေးဖို့ အကြောင်းကြားစ ကို လက်ခံရရှိရာကနေ ဇာတ်လမ်းစပါတယ်။ နေစရာမရှိဖြစ်သွားတဲ့ Shelley ဟာ တက္ကသိုလ်တစ်ခုက Zeta Alpha Zeta ဆိုတဲ့ လူကြိုက်နည်းပြီး ဖျက်သိမ်းခံရလုနီးပါးဖြစ်နေတဲ့ ကျောင်းသူအသင်း (Sorority) တစ်ခုမှာ အဆောင်မှူး (House Mother) အဖြစ် ရောက်သွားပါတယ်။ ဗဟုသုတနည်းပြီး ရိုးအလွန်းတဲ့ Shelley နဲ့ စာဂျပိုးမလေးတွေ စုနေတဲ့ Zeta အသင်းသားတွေ ပေါင်းမိတဲ့အခါမှာတော့ ရယ်မောစရာတွေ၊ ပြောင်းလဲမှုတွေ စတင်လာပါတော့တယ်။ ဒီရုပ်ရှင်က Cast အနေနဲ့လည်း တော်တော်လေးကို စုံတာမလို့ ကြည့်သင့်တယ်လို့ဆိုရပါမယ်။ Shelley အဖြစ် စပ်စလူး နတ်ပူး Anna Faris Natalie အဖြစ် အချစ်တော် Emma Stone Oliver အဖြစ် Colin Hanks Mona အဖြစ် မင်းသမီးချော် Kat Dennings တို့က သရုပ်ဆောင်ထားတာမလို့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။
ဇာတ်ကားကြည့်ရန်