Raptor Attack (2026) ဒီတစ်ခါမှာတော့ ထွက်ရှိတာမကြာသေးတဲ့ သည်းထိတ်ရင်ဖို sci Fi horror အမျိုးအစားဖြစ်တဲ့ ဒိုင်နိုဆောကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Jevan က သူ့ရဲ့ အမေဖြစ်သူဆီကို အသက် ၈၀ ပြည့်မွေးနေ့အတွက် အတူဂုဏ်ပြုဖို့ ခင်ပွန်းနဲ့ သမီးနှစ်ယောက်ပါတဲ့ သူ့ရဲ့မိသားစုကိုခေါ်ပြီး ဝေးလံတဲ့ တောရွာဒေသက လယ်တောအိမ်လေးကို သွားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတိုမိသားစု ရောက်တော့ အိမ်ရဲ့တံခါးက လက်သည်းခြစ်ရာတွေနဲ့ စုတ်ပြဲနေပြီး ကြမ်းပြင်ပေါ်မှာ တစ်စစီပြန့်ကြဲနေတဲ့ သူတို့အဖွားရဲ့ အလောင်းအစိတ်အပိုင်းတွေကို တွေ့လိုက်ရတာပါပဲ။ နယ်ခံရဲတွေကတော့ တောရိုင်းတိရစ္ဆာန်တွေကို တရားခံအဖြစ်နဲ့ အမြန်ကောက်ချက်ချလိုက်ပေမဲ့ Jevan ရဲ့ ခင်ပွန်းဖြစ်သူ Ryan က တောထဲမှာ raptor ( အသားစား ဒိုင်နိုဆောမျိုးနွယ်အကောင် ) တစ်ကောင် ချောင်းခိုနေတဲ့ ထိတ်လန့်စရာမြင်ကွင်းကို ဖြတ်ခနဲ မြင်လိုက်ရပါတယ်။ နောက်ပိုင်း ကျောချမ်းစရာ သဲလွန်စတွေနဲ့ သူတို့မိသားစု သိလိုက်ရတာက အဆင့်မြင့် သိပ္ပံနည်းပညာနဲ့ သာမန် raptor တွေထက် ပိုသန်မာ ပိုထွားအောင် သေချာမွေးမြူထားတဲ့ raptor တစ်ကောင်က လွတ်မြောက်နေတာဖြစ်ပြီးတော့ ထိုမိသားစုကို လယ်တောပတ်လည်အတွင်းမှာ ပစ်မှတ်ထားချောင်းခိုပြီး အမဲလိုက်နေတယ်ဆိုတာပါပဲ။ ဒီလို သူတို့ကို သားကောင်အနေနဲ့ ပစ်မှတ်ထား လိုက်နေတဲ့ raptor ကောင်ကြီးကို Jevan တို့ မိသားစုက အချိန်မီ ကာကွယ်ပြီး သတ်နိုင်မလား raptor ကောင်ကြီးကို သတ်နိုင်မယ့် နည်းလမ်းကို ဘယ်လိုအဖြေရှာဖို့ ကြိုးစားကြမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size… (1.3 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:35:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်