★ 6.9
ဇာတ်ကား / 2022A Perfect Pairing
အိမ်ထောင်ကွဲတစ်ယောက်ဖြစ်တဲ့ လိုလာဟာ ဝိုင်အကြောင်း ကျွမ်းကျင်ပြီး ဝိုင်သွင်းကုန်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။ ကုမ္ပဏီရဲ့လုပ်ငန်းကို ချဲ့ထွင်နိုင်ဖို့ ဩစတေးလျက ဗွန်းမိသားစုဝိုင်လုပ်ငန်းရဲ့ ဝိုင်တွေ တင်သွင်းခွင့်ရအောင် ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကုမ္ပဏီက သူ့ကို အလုပ်ထုတ်လိုက်တယ်။ လိုလာက ကိုယ်ပိုင်လုပ်ငန်းထောင်ပြီး အဲဒီတင်သွင်းခွင့်ကို ရဖို့ ဩစတေးလျအထိ သွားခဲ့ပါတယ်။ သူရည်ရွယ်ထားတဲ့ လုပ်ငန်းကို လုပ်ခွင့်ရမလား၊ အဲဒီနိုင်ငံမှာ ဘာတွေကြုံရဦးမလဲဆိုတာကို ဩစတေးလျရဲ့ တောတောင်ရှုခင်းတွေနဲ့ ကောင်းဘွိုင်ဆန်တဲ့ နေထိုင်မှုတွေကြားမှာ ဆက်ပြထားတဲ့ Netflix အချစ်ဟာသဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်