★ 6.7
ဇာတ်ကား / 2022Confessions of a Hitman
ဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးနေတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ မြေအောက်လောကထဲက လူတွေကိုသာမက ရဲတွေကိုပါ ဆယ်စုနှစ်များစွာ လှည့်စားနေခဲ့ပါတယ်။ ၂၅ နှစ်ကျော်ကြာမှ လူသတ်မှု ၂၈ မှုအတွက် အဖမ်းခံခဲ့ရတဲ့ သူ့အကြောင်းကို ဖြစ်ရပ်မှန်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကို သူကိုယ်တိုင် ဖြောင့်ချက်ပေးတဲ့ပုံစံနဲ့ အစအဆုံး ပြောပြသွားပါတယ်။ ငယ်စဉ်က မိခင်ရဲ့ ချစ်ခြင်းမေတ္တာ မရခဲ့သလို ကျောင်းမှာလည်း ဉာဏ်ရည်အမှတ် နိမ့်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကနေ အတွေ့အကြုံရင့်တဲ့ သွေးအေးကြေးစားလူသတ်သမား ဖြစ်လာပုံကို ပြန်ပြထားတယ်။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအကြောင်း ဘယ်လိုထွက်ဆိုမလဲဆိုတာကို သူ့ဖြောင့်ချက်တွေကနေ သိရမှာပါ။
ဇာတ်ကားကြည့်ရန်