Agak Laen: Menyala Pantiku! (2026) သူငယ်ချင်းလိုခင်ရတဲ့ ရဲတပ်ဖွဲ့ဝင်စုံထောက်လေးယောက်တို့ဟာ မစ်ရှင်တိုင်းမှာ အမြဲအမှားလုပ်ပြီး ကျရှုံးနေကြတဲ့အတွက် အခုတစ်ကြိမ်မှာတော့ သူတို့အတွက် နောက်ဆုံးအခွင့်အရေးတစ်ခုပဲ ကျန်တော့ပါတယ် သူတို့ရဲ့ မိသားစုအရေး ငွေကြေးအခက်အခဲကြောင့် ဒီမစ်ရှင်ကို မဖြစ်မနေ အောင်မြင်အောင်လုပ်ကြရမဲ့ ဖိအားရှိနေခဲ့ပါတယ် အဲဒီမစ်ရှင်မှာ သူတို့ ၄ ယောက်ဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုထဲကို လျှို့ဝှက်စွာ ဝင်ရောက်ပြီး မြို့တော်ဝန်သား အသတ်ခံရမှုနဲ့ ဆက်နွယ်နေတဲ့ တရားခံကို ရှာဖွေရမှာပါ ဒါပေမယ့် သူတို့ရဲ့ အလွဲအချော်အဖြစ်အပျက်တွေကြောင့် မစ်ရှင်က ပိုရှုပ်ထွေးလာပြီး အခြေအနေတွေ ဗြောင်းဆန်လာခဲ့ရပါတယ် သူတို့လုပ်သမျှ အစီအစဉ်တိုင်းက လွဲချော်နေတတ်ပေမဲ့ မထင်မှတ်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေက ဝုန်းခနဲ တောက်ပလာတဲ့အခါ .... သူတို့တွေ ဘယ်လိုလှည့်ကွက်တွေနဲ့ လူသတ်သမားကို ရှာဖွေဖော်ထုတ်မလဲ.... သူတို့မစ်ရှင် အောင်မြင်မလား ရှုံးနိမ့်မလားဆိုတာ... စိတ်အပန်းဖြေဖို့အတွက် ဟာသကားကောင်းကောင်း ရှာနေရင်တော့ မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုပါရစေ
ဇာတ်ကားကြည့်ရန်