မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မအောင်မြင်တဲ့ပြကွက်တွေကြောင့် နာမည်ပျက်နေပြီး သူ့ဘဝကို ပြောင်းလဲပေးနိုင်မယ့် ပြကွက်တစ်ခု ရှာနေသူပါ။ တစ်နေ့ တိရစ္ဆာန်အရောင်းဆိုင်မှာ သီချင်းဆိုတတ်တဲ့ မိကျောင်းလေးတစ်ကောင်ကို တွေ့တော့ သူရှာနေတဲ့အရာကို ရပြီလို့ ထင်လိုက်တယ်။ မိကျောင်းလေးကို လိုင်းလို့ နာမည်ပေးပြီး နှစ်ယောက်အတူ သီချင်းတိုက်ကြပါတယ်။ ဒီပြကွက်နဲ့ အောင်မြင်တော့မယ်လို့ ဗဲလန်တီက ယုံကြည်ထားပေမယ့် ပွဲနေ့မှာ လိုင်းဆီက သီချင်းသံ ထွက်မလာခဲ့ဘူး။ နာမည်ပိုပျက်သွားတဲ့ ဗဲလန်တီဟာ လိုင်းကို အိမ်ထပ်ခိုးမှာ စွန့်ပစ်ထားခဲ့ပါတယ်။ အချိန်ကြာလာတော့ အဲဒီအိမ်ကို ပိုင်ရှင်အသစ်တွေ ပြောင်းလာပြီး လိုင်းကို တွေ့သွားကြတယ်။ အိမ်ထဲက မိကျောင်းလေးနဲ့ သူတို့ကြားမှာလည်း ဗရုတ်သုတ်ခတွေ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ဗဲလန်တီကပါ လိုင်းကို ပြန်လာရှာတဲ့အခါ အိမ်ရှင်အသစ်တွေနဲ့ သူ အဆင်ပြေပါ့မလား။ လိုင်းကရော ဘယ်လိုပြဿနာတွေ ထပ်ရှာဦးမလဲ၊ သူ့ရဲ့အဆိုပါရမီကို ဗဲလန်တီနဲ့ အိမ်ရှင်အသစ်တွေ ဘယ်လိုဖော်ထုတ်ပေးနိုင်မလဲ။ မိသားစုဟာသနဲ့ ဂီတကို တွဲဖက်ထားတဲ့ ဒီကားမှာ လိုင်းအဖြစ် Shawn Mendes က အသံသရုပ်ဆောင်ပြီး သီချင်းဆိုထားပါတယ်။
ဇာတ်ကားကြည့်ရန်