IMDb rating 7.4/10 ရရှိထားပြီး Rotten Tomatoes 77% ရထားသော မိခင်တယောက်ရဲ့မေတ္တာကို ပြသထားတဲ့ ကားလေးတကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ်ဗျ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဘန်ဟာ အငြိမ်းစား စာရေးဆရာတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်ကမှ သားတစ်ယောက်ကို ဆုံးရှုံှုးထားသူပါ လက်ရှိမှာတော့ အလုပ်လက်မဲ့ဖြစ်ကာ ပြုစုစောင့်ရှောက်ရေးအလုပ်လက်မှတ်လဲ ရရှိထားသူဖြစ်ပါတယ် ကံကောင်းစွာပဲ ပြုစုစောင့်ရှောက်ရမယ့်အလုပ်တစ်ခုရရှိခဲ့ပေမယ့် ကံဆိုးစွာပဲ သူပြုစုစောင့်ရှောက်ပေးရမယ့် ထရေဗာ ဆိုတဲ့ ကလေးဟာ အောက်ပိုင်းမသန်စွမ်းသူတစ်ယောက်ဖြစ်ပြီး ကလန်ကဆန် လုပ်တတ်တဲ့အကျင့်ရှိလို့ လာသမျှ ပြုစုစောင့်ရှောက်ရေးသမားတိုင်းနဲ့ မတည့်ပါဘူး အလုပ်လိုနေတဲ့ ဘန်နဲ့ ကလန်ကဆန်လုပ်တတ်တဲ့ ထရေဗာတို့တွေ့ပြီး ဘယ်လိုတွေဖြစ်ကြမှာလဲဆိုတာ ဘယ်လိုပုံစံမျိုးတွေ ပြုစုစောင့်ရှောက်ပေးရမလဲဆိုတာ တော့ ပရိတ်သတ်ကြီးက ဆက်လက်ရှူစားကြရမှာပါ ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကိုတော့ Poe Thinzar Kyaw ကရေးသားပေးထားတာပါဗျ
ဇာတ်ကားကြည့်ရန်