The Rookies ကတော့ 2018 မှာ ထွက်ခဲ့တဲ့ အမေရိကန် drama series ပါ။ ခုလက်ရှိအထိတော့ season 7 ခုထိ ထွက်ထားပါတယ်။ ဇာတ်လမ်းကတော့ အသက် 40 အရွယ် John Nolan ဆိုတဲ့ ဘဲကြီး ဘဏ်ကိုသွားတုန်းမှာဘဏ်ဓားပြမှုနဲ့ကြုံပြီး ရုတ်တရက် ရဲဖြစ်ဖို့ သူ့ကိုလှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားပါတယ်။ အဲလိုနဲ့ Police Academy ကဆင်းပြီး လေ့ကျင့်ရေးဆင်းဖို့ Los Angeles Police Department ကို ရောက်တဲ့အချိန်မှာ သူက အသက်အကြီးဆုံး လူသစ်ရဲ ဖြစ်နေတာပေါ့။ သူတို့ရဲ့ တပ်ကြပ်ဘဲကြီးကလည်းသူ့ကို စရောက်ထဲက မကြည်ပါဘူး။ အဲလိုနဲ့ သူ့ကိုယ်သူ သက်သေပြဖို့ကြိုးစားရင် သူရယ်၊ သူနဲ့အတူ လေ့ကျင့်ရေးဆင်းဖို့ ရောက်လာတဲ့ Lucy Chan နဲ့ Jackson West ဆိုတဲ့ ရဲပေါက်လေးတွေရယ် သူတို့ရဲ့ လေ့ကျင့်ရေးအရာရှိ သုံးယောက်ရယ်တို့ရဲ့ Los Angeles မြို့ပေါ်က မှုခင်းတွေ လိုက်ပုံကို ကြည့်ရမှာပါ။ သူတို့ဆီက ရဲတွေရဲ့ အလုပ်လုပ်ပုံနဲ့ ရဲဌာနတွေအကြောင်းကိုလည်း သိခွင့်ရလို့ အတော်လေးလည်း မိုက်ပါတယ်။ Character တွေအကုန်လုံးကလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်နေပြီး series ကလည်း အပိုင်း ၁ ထဲက မပျင်းရပဲ ကြည့်နေရလို့ အလုပ်ကပြန်လာပြီးရင် ထမင်းစားရင်း အေးဆေးကြည့်လို့ကောင်းမဲ့ စီးရီးတစ်ခုဆိုတာ အသေအချာပါပဲ။ File size… 1.1 GB / 500 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 45m Genre .....Comedy , Crime , Drama
ဇာတ်ကားကြည့်ရန်