ဘက်နဲ့ ဒန်တို့ဟာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး နှစ်တွေကြာလာတဲ့အထိ ချစ်ခင်နေကြတဲ့ လင်မယားပါ။ ဘက်က စာရေးဆရာမ၊ ဒန်က ကုထုံးဆရာဝန်ဖြစ်ပြီး ဘက်ရဲ့ညီမ ဆာရာကတော့ အိမ်တွင်းအလှဆင်တဲ့အလုပ် လုပ်ပါတယ်။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ရခဲ့ပေမယ့် နောက်တစ်အုပ် ထုတ်ဖို့ပြင်တဲ့အခါ အေးဂျင့်က သဘောမကျဘူး။ ဒန်ကတော့ စာအုပ်ကို ကြိုက်တယ်လို့ ပြောပြီး ဘက်ကလည်း ခင်ပွန်းပြောတာကို ယုံထားပါတယ်။ ဒန်ကိုယ်တိုင်လည်း အလုပ်မှာ အဆင်မပြေတာတွေ ကြုံနေရတယ်။ ဆာရာတို့လင်မယားမှာလည်း အလုပ်နဲ့ပတ်သက်လို့ စိတ်မောစရာတွေ ရှိနေပြီး ပြဇာတ်သရုပ်ဆောင်ဖြစ်တဲ့ ဆာရာ့ခင်ပွန်း မက်က အလုပ်ပြုတ်သွားပါတယ်။ တစ်ရက်မှာ ဒန်နဲ့ မက်တို့ ဈေးဝယ်ရင်း စကားပြောနေကြတာကို ဘက် မထင်မှတ်ဘဲ ကြားလိုက်ရတယ်။ ဒန်က သူ့စာအုပ်ကို တကယ်တော့ မကြိုက်ဘူးလို့ ပြောနေတာပါ။ ခင်ပွန်းအပေါ် နှစ်ပေါင်းများစွာထားခဲ့တဲ့ ယုံကြည်မှုတွေ ပျောက်သွားသလို ဘက် ခံစားလိုက်ရပါတယ်။ ချစ်ရတဲ့သူကို စိတ်သက်သာစေချင်လို့ ပြောတဲ့ မုသားက အမှန်တရားပေါ်လာချိန်မှာ နာကျင်စရာဖြစ်သွားနိုင်တယ်။ ဒီလိုမုသားမျိုးကို ခွင့်လွှတ်သင့်သလားဆိုတဲ့ မေးခွန်းကို လင်မယားနှစ်ယောက်ရဲ့ အဖြစ်ကနေတစ်ဆင့် တင်ပြထားတဲ့ A24 ရဲ့ ဟာသဒရာမာဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်