ဂျွန်နီက မိန်းကလေးတွေကြားမှာ ရေပန်းစားပြီး အပတ်တိုင်း နိုက်ကလပ်သွားလေ့ရှိတဲ့ လူငယ်တစ်ယောက်ပါ။ ကလပ်မှာ တွေ့တဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးပြီး လိင်ဆက်ဆံမှုတွေ ရှိပေမယ့် သူ့အတွက်တော့ စိတ်ကျေနပ်မှုက အပြည့်အဝ မရဘူး။ သူတွဲတဲ့ မိန်းကလေးတွေရဲ့ ရုပ်ရည်အသွင်အပြင်ကို အပြစ်ပြောစရာ မရှိပေမယ့် သူကြည့်နေကျ အပြာကားတွေနဲ့ ယှဉ်မိပြီး တစ်ခုခုလိုနေသလို ခံစားနေရပါတယ်။ အဲဒီလိုနဲ့ ကလပ်မှာ ဘာဘရာဆူဂါမန်ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့လာတယ်။ ဘာဘရာနဲ့ တွေ့ဆုံမှုက ဂျွန်နီကို သူစွဲလမ်းနေတဲ့ အပြာကားတွေဆီကနေ ရုန်းထွက်နိုင်စေမလားဆိုတာ ဆက်ကြည့်ရမှာပါ။ Joseph Gordon-Levitt၊ Scarlett Johansson နဲ့ Julianne Moore တို့ ပါဝင်ထားတဲ့ ဒီဇာတ်ကားက အပြာကားစွဲလမ်းမှုနဲ့ လက်တွေ့ဆက်ဆံရေးကို စိတ်ကူးယဉ်ဇာတ်ကွက်တွေနဲ့ နှိုင်းယှဉ်မိတဲ့အခါ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဟာသနှောပြီး တင်ပြထားပါတယ်။ အရွယ်ရောက်သူတွေအတွက် လိင်ပိုင်းဆိုင်ရာအခန်းတွေနဲ့ ကြမ်းတမ်းတဲ့ စကားအသုံးအနှုန်းတွေ ပါဝင်တယ်။ လိင်ဆက်ဆံရေးမှာ ကိုယ့်ဆန္ဒတစ်ခုတည်း ပြည့်ဝဖို့ထက် နှစ်ဦးကြား အပေးအယူမျှတဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောထားပါတယ်။
ဇာတ်ကားကြည့်ရန်