၁၉၉၄ ခုနှစ်၊ အရှေ့အာဖရိကက ရဝမ်ဒါမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို နောက်ခံထားတဲ့ ဇာတ်လမ်းပါ။ ဟူးတူးအစွန်းရောက်တွေက တက်စီလူမျိုးတွေကိုသာမက အစွန်းမရောက်တဲ့ ဟူးတူးတွေကိုပါ သတ်ဖြတ်နေကြတဲ့အချိန်မှာ နောက်ခံအမျိုးမျိုးက အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုထဲ ပုန်းခိုနေကြရပါတယ်။ အမေရိကန်၊ ဟူးတူးနဲ့ တက်စီဆိုပြီး လူမျိုးနဲ့ ယုံကြည်ချက်မတူကြတဲ့ သူတို့ကြားမှာ အဆင်မပြေမှုတွေ ရှိနေတယ်။ အပြင်မှာ အသက်အန္တရာယ်ရှိနေလို့ ထွက်မရသလို အထဲမှာလည်း အချင်းချင်းကြားက ပြဿနာတွေကို ရင်ဆိုင်နေရတာပါ။ အခန်းကျဉ်းလေးထဲ ရက်ပေါင်းများစွာ ပုန်းနေရတာက သူတို့ရဲ့စိတ်ကို တဖြည်းဖြည်း ထိခိုက်လာစေတယ်။ အပြစ်ရှိစိတ်တွေ၊ ကိုယ်ယုံကြည်ထားတဲ့အရာတွေနဲ့ ရုန်းကန်ရင်း စိတ်မထိန်းနိုင်တော့မလို ဖြစ်လာကြပေမယ့် ဒီနေရာကနေ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းတဲ့ဘဝကို ပြန်ရဖို့တော့ မျှော်လင့်နေကြဆဲပါ။
ဇာတ်ကားကြည့်ရန်