18 Youth (2026) ဒီတစ်ခေါက်မှာတော့ ဆယ်ကျော်သက်အရွယ်မှာ တွေ့ကြုံခံစားရတတ်တဲ့ စိုးရိမ်ပူပန်မှုတွေ၊ နာကျင်မှုတွေကို အဓိက ပုံဖော်ရိုက်ကူးထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Running Man အဖွဲ့ဝင်ဟောင်း Jeon So-min, I.O.I နဲ့ Weki Meki အဖွဲ့ဝင်ဟောင်း Kim Do-Yeon နဲ့ WJSN အဖွဲ့ဝင် EXY တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - အိမ်ရော ကျောင်းကိုပါ မကျေနပ်မှုတွေ များနေတဲ့ ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသူလေး အီဆွန်းဂျောင်း (Kim Do-Yeon) ဟာ ကျောင်းပြီးတာနဲ့ အာဖရိကကို ထွက်ပြေးဖို့ စိတ်ကူးထားသူပါ။ တစ်နေ့မှာ ဆွန်းဂျောင်းတို့အတန်းကို ဂျောင်ဟီးဂျူ (Jeon So-min) လို့ ခေါ်တဲ့ အတန်းပိုင်ဆရာမလေးက အသစ်ရောက်လာပါတော့တယ်။ စာသင်ချိန်မှာ ဖုန်းမသိမ်းတာတို့၊ အတန်းခေါင်းဆောင်နေရာကို တစ်ပတ်စီ အလှည့်ကျ တာဝန်ယူခိုင်းတာတို့... အစရှိတဲ့ ထူးထူးခြားခြား စည်းကမ်းချက်တွေကြောင့် ဆရာမလေးက ကျောင်းသူတွေရဲ့ ထောက်ခံမှုကို ချက်ချင်းဆိုသလို ရရှိသွားခဲ့ပေမဲ့ ပုန်ကန်လိုစိတ်အပြည့်ဖြစ်နေတဲ့ ဆွန်းဂျောင်းအတွက်တော့ ဆရာမလေးရဲ့ လုပ်ပုံတွေက စိတ်ရှုပ်စရာသက်သက်သာ ဖြစ်နေတဲ့အခါမှာ... ဆရာမ ဂျောင်ဟီးဂျူရဲ့ ထူးဆန်းတဲ့ သွန်သင်ဆုံးမပုံလေးတွေကြောင့် ဆွန်းဂျောင်းနဲ့ တခြားကျောင်းသူလေးတွေက ဘယ်လိုဘယ်ပုံ ရင့်ကျက်ပြောင်းလဲသွားကြမလဲ.... ရင်ထဲက အသံကို နားစွင့်ပြီး မတူညီမှုတွေကို လက်ခံရင်းနဲ့ အဆုံးမှာ မုန်တိုင်းထန်တဲ့ ၁၈ နှစ်အရွယ်ကို ချောချောမွေ့မွေ့ ကျော်ဖြတ်သွားနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦး။ File Size : 1.16GB/ 570MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 42m Genre : Youth, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်