There's Something About Mary (1998) IMDb....7.1,,,,Rotten..83% အချစ်ဝတ္ထုစာအုပ်တွေ တော်တော်များများဖတ်ကြပေမယ့် လူငယ်တွေကြားမှာဆိုရင် စာရေးဆရာ နီကိုရဲတို့ ဆရာမင်းလူတို့ရေးတဲ့အချစ်ဝတ္ထုတွေကို ကျွန်တော်တို့ ပိုသဘောကျကြတယ်... သူတို့ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ကောင်လေးတွေဟာ အများအားဖြင့် ဖြူစင်ရိုးသားကြပြီး လုပ်သမျှအလုပ်တိုင်းနီးပါး အလွဲတွေများနေသလို ကောင်မလေးတွေကျတော့လှပပြီး အနည်းနဲ့အများတော့ ထက်မြက်တဲ့အထဲပါကြတယ်.... ကျွန်တော်တို့ဟာ ရိုးသားတာကိုပဲတန်းဖိုးထားကြလို့လား ထက်မြက်တဲ့မိန်းကလေးတွေကိုပဲသဘောကျလို့လားတော့မသိ...သူတို့ရေးတဲ့စာအုပ်တွေကိုတော့ တကယ့်ကိုစွဲလမ်းခဲ့ကြပါတယ်... ဒီကားထဲမှလဲ တက်ဒ်ဆိုတဲ့ ရိုးသားပြီး အူကြောင်ကြောင်နိုင်တဲ့ကောင်လေးတစ်ယောက်ဟာ ကျောင်းရဲ့အထင်ကရ မေရီဆိုတဲ့ကောင်မလေးကို သဘောကျသွားမိတာပါပဲ.... ကံကောင်းတာက အထက်တန်းကျောင်းကပွဲအတွက် မေရီနဲ့တွဲတက်ခွင့်ရပေမယ့် သွားမယ့်နေ့မှာ တကယ့် မဟာအလွဲကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်.. အဲဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်းတော့ တက်ဒ်နဲ့ မေရီတို့ ထပ်မတွေ့ဖြစ်ကြတော့ဘူး.... သို့ပေမယ့် ရိုးသားပြီးအချစ်ကိုတန်ဖိုးထားတဲ့ တက်ဒ်အဖို့ မေရီကို မေ့ဖျောက်လို့မရနိုင်ခဲ့ဘူး....နှစ်တွေကြာလာမှ သူဟာ မေရီရဲ့အချစ်ကို ပြန်ရယူဖို့ ကြိုးစားတဲ့အခါမှာတော့.... ဒီကားထဲက အဓိက မင်းသားကြီးဖြစ်တဲ့ Ben Stiller နဲ့ မင်းသမီးချောကြီး Cameron Diaz ကိုတော့ အားလုံးပဲသိကြပါလိမ့်မယ်.. Rating လေးတွေကလည်းကောင်းသလို ရယ်မောပျော်ရွှင်စရာကောင်းတဲ့ကားလေးမို့ ကြည့်သင့်ပါကြောင်း ပြောကြားပါရစေ.... File Size : 1.72GB , 816 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:30:00 Genre : Comedy
ဇာတ်ကားကြည့်ရန်