ဒီကားလေးဟာ Imdb rating အနေနဲ့ 7.2/10 အထိ ရရှိထားပြီး အောင်မြင်ထားတဲ့ကားလေးပါ ထွက်ရှိတဲ့နေ့ရက်ကတော့ ၁၃ ရက် မေလ ၂၀၁၆ မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားလေးရဲ့ ဇာတ်အိမ်ဟာ ၁၉၈၅ ခုနှစ်လောက်ကဘောလုံးလောကထဲကို စတင်ခြေချ ခဲ့တဲ့ ဘရာဇီးနိုင်ငံသား ဘောလုံးသမားကြီး {ပီလီ (pele)} နာစီမန်တို ရဲ့ သူ ကလေးဘဝကနေစပြီးအောင်မြင်လာတဲ့ အချိန်အထိ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ သူ့ရဲ့ ငယ်ဘဝဟာ ဖိနပ်တိုက်ကျောင်းတက်ရတဲ့ဘဝဖြစ်ပြီး သူ့ရဲ့မွေးရာပါပင်ကိုယ်စွမ်းရည်ကတော့ဘောလုံး ကစားတာပါ။ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်ပြီး အများနဲ့မတူတဲ့ ကစားနည်းနဲ့ဆော့ကစားတာပါ ဒါပေမဲ့ ဘောလုံးဆော့တာကို သူ့ရဲ့အမေဖြစ်သူက မကြိုက်ပါဘူး။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက်ဆော့ရင်းနဲ့ သူ့သူငယ်ချင်းတစ်ဦးသေဆုံးခဲ့ပြီး စိတ်ဒါဏ်ရာ ရခဲ့ပါတယ်။ ဒါပေမဲ့ လဲ သူ့မှာရှိတဲ့ ဘောလုံး ပင်ကိုယ် စွမ်းရည်ကို သူ့အမေဟာ တွေ့မြင်သွားပြီး သူ့ရဲ့သားကို ချစ်တဲ့ စိတ်နဲ့ ဘောလုံးအသင်း ဥက္ကဌ တစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ။ အဲ့လိုမိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူ့ဘဝရဲ့ အောင်မြင်မှုလမ်းကြောင်းဟာ စတင်လို့လာခဲ့ပါပြီ။ လူတိုင်းဟာ အောင်မြင်မှုလမ်းကြောင်းအပေါ် လျှောက်လှမ်းတဲ့အခါ အခက်အခဲတွေကတော့ အများကြီးတွေ့ကျစမြဲပါ ။ သူလဲ အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။ သူလဲ သူ့ရဲ့ အောင်မြင်မှု လမ်းကြောင်းကို လျှောက်တဲ့အခါ ........... -ဘယ်လိုအခက်အခဲတွေတွေ့မလဲ -အောင်မြင်မှုကို ဘယ်လိုရရှိမလဲ -သူ့ရဲ့ သနားစရာကောင်းတဲ့ ငယ်ဘဝ ပုံရိပ်တွေကို ဒီကားလေးထဲမှာ ကြည့်ရှုရမှာပါ ........ -သားသမီး အပေါ်ကို ချစ်တတ်တဲ့ မိဘ ရဲ့ ပုံရိပ်လေးတွေလဲတွေ့ရမှာပါ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Saw Yan Nay Naung ပါ Quality….BluRay Rip 720P Length…1 hours 47mins Format…mp4 File size…766MB Subtitle….Myanmar Subtitle (Hardsub) Translator…Saw Yan Nay Naung Encoder….seniorkaung
ဇာတ်ကားကြည့်ရန်