Vibeland Chronicles (2026) Twin Peaks ဒါရိုက်တာ David Lynch ရဲ့ ရုပ်ရှင်တွေလိုမျိုး ပုံမှန်တွေးခေါ်မှုဘောင်ကနေ ကျော်လွန်ပြီး... အိပ်မက်ဆန်ဆန်၊ ထူးထူးဆန်းဆန်း ပဟေဠိ Vibe မျိုးကို နှစ်သက်တဲ့ ပရိသတ်တွေအတွက် ကွက်တိဖြစ်မယ့် လက်ရာမျိုး ဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံကတော့ အပြင်ကမ္ဘာက ဆန်ဖရန်စစ္စကိုမြို့ကြီး မဟုတ်ဘဲ... ထူးဆန်းအံ့ဩဖွယ်ရာတွေ ပြည့်နှက်နေပြီး "Vibeland" လို့ လူသိများတဲ့ စိတ်ကူးယဉ် ဆန်ဖရန်စစ္စကိုမြို့ပြကြီး ဖြစ်ပါတယ်။ ဒီမြို့ကြီးထဲမှာ အတိတ်က နာမည်ကျော် ရာသီခွင်လူသတ်သမား (Zodiac Killer) လိုမျိုး ပုံစံတူ ခေတ်သစ်လူသတ်သမားတစ်ဦးရဲ့ ကြောက်စရာကောင်းလှတဲ့ ရာဇဝတ်မှုတွေ တစ်ဖက်မှာ ဖြစ်ပွားနေပါတယ်။ အဲဒီလို ထိတ်လန့်စရာ အဖြစ်အပျက်ကြီးရဲ့ နောက်ကွယ်မှာ... မြို့ပြကြီးရဲ့ မတူညီတဲ့ လူမှုပတ်ဝန်းကျင်က စရိုက်ဆန်းပြားလှတဲ့ လူသားတွေရဲ့ ဇာတ်ကြောင်းတွေ၊ ဂီတသံစဉ်တွေဟာ လှပဆန်းကြယ်စွာနဲ့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ယှက်နွယ်လာပါတော့တယ်။ မြေအောက်ကမ္ဘာရဲ့ ဒုစရိုက်ဝင်္ကပါ တွေ၊ သန်းခေါင်ကျော်နောက်ပိုင်း ခြောက်ခြားစရာ ဝိညာဉ်တွေ လိုက်ပါလာတတ်တဲ့ လိုင်းကားဘတ်စ်ကားတွေနဲ့... သတ်ဖြတ်ရင်း ကခုန်တတ်တဲ့ ထူးဆန်းတဲ့ Serial Killer တွေအထိ... ဗိုက်ဗ်လန်း မြို့တော်ကြီးထဲမှာ ဖြစ်ပျက်သမျှ အရာအားလုံးဟာ သာမန်လူတွေ တွေးထင်ထားသလိုမျိုးရိုးရှင်းမနေပါဘူး။ အရာအားလုံးက လှည့်စားမှုတွေ၊ စိတ်ကူးယဉ် အိပ်မက်ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီကမ္ဘာထဲက လူသားတွေရဲ့ ရုန်းကန်ပုံကို တစ်ခန်းချင်းစီ အနုပညာမြောက်စွာ ခွဲခြမ်းရိုက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်