The Storm (2026) IMDb Rating (5.0) အခုမိတ်ဆက်ပေးမှာကတော့ Stormen (The Storm) ဆိုတဲ့ ၂၀၂၆ ထွက် ဆွီဒင် Dark Comedy ရုပ်ရှင်ကားပါ။ ဖိလစ် နဲ့ ကိုယ်ဝန်ရင့်မာကြီးဖြစ်နေတဲ့ သူ့ဇနီး ကာရိုလိုင်းတို့က ဆွီဒင်မြောက်ပိုင်းက တောကျကျ ခြံဝင်းကြီးတစ်ခုကို ဝယ်ပြီး ဟိုတယ်လိုမျိုး ပြန်လည်ပြင်ဆင်ခဲ့ကြတယ်။ တကယ်တော့ သူတို့မှာ ပိုက်ဆံအကုန်ပြတ်သွားပြီး ဒေဝါလီခံရမယ့် အခြေအနေ ရောက်နေတာပါ။ ဒါကြောင့် ဖိလစ်ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ပါတီကို အကြောင်းပြပြီး တက္ကသိုလ်တုန်းက ချမ်းသာတဲ့ သူငယ်ချင်းတစ်စုကို သူတို့ဆီ ဖိတ်ခေါ်လိုက်ကြတယ်။ ကာရိုလိုင်းရဲ့ စိတ်ကူးကတော့ မွေးနေ့ပွဲလုပ်ရင်းနဲ့ အဲဒီသူငယ်ချင်းတွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ရှယ်ယာဝင်ဖို့ လှည့်ဖြားစည်းရုံးပြီး ပိုက်ဆံအလစ်အငိုက် တောင်းဖို့ပေါ့။ ရောက်လာတဲ့ သူငယ်ချင်းတွေကလည်း အပြင်ပန်းကြည့်ရင် အဆင်ပြေနေပုံရပေမဲ့ လူတိုင်းမှာ ကိုယ်စီ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေကြတယ်။ ရာထူးကပြုတ်တော့မယ့် လုပ်ငန်းရှင်၊ ကလေးနေမကောင်းတာကို ထားခဲ့ပြီး လင်မယားချင်း စိတ်ကောက်နေတဲ့ စုံတွဲ စသဖြင့်ပေါ့။ အဲဒီလိုနဲ့ အားလုံးစုံလို့ ပါတီလုပ်နေတုန်း အပြင်မှာ မမျှော်လင့်ဘဲ ဆိုးရွားလွန်းတဲ့ နှင်းမုန်တိုင်းကြီး တိုက်ခတ်လာပြီး လျှပ်စစ်မီးတွေ အကုန်ပြတ်တောက်သွားပါတော့တယ်။ အမှောင်ထဲမှာ ပိတ်မိသွားတဲ့ သူငယ်ချင်းတစ်စုက အရက်တွေ အလွန်အကျွံသောက်၊ မတော်တဆ စိတ်ကြွမှိုတွေပါ စားမိပြီးနောက်မှာတော့ ဘရိတ်မရှိတော့ဘဲ ထိန်းမရသိမ်းမရ ဖြစ်ကုန်ကြတယ်။ အချင်းချင်း မနာလိုမှုတွေ၊ အိမ်ထောင်ရေးပြဿနာတွေ၊ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံး အပြင်ကို ဝုန်းဒိုင်းကြဲ ပေါက်ကွဲထွက်လာပြီး အော်ဟစ်ဆဲဆို ရန်ဖြစ်ကြတဲ့အထိ ပါတီကြီးက ဗြောင်းဆန်သွားပါတော့တယ်။ ဒီလိုနဲ့ နှင်းမုန်တိုင်းဒဏ်တင်မကဘဲ လူတွေရဲ့ စိတ်ခံစားချက် မုန်တိုင်းဒဏ်ကိုပါ အလူးအလဲ ခံလိုက်ရတဲ့ ဒီသူငယ်ချင်းတစ်စု၊ တစ်ညလုံး ရူးသွပ်စရာ အလွဲအချော်တွေ ဖြစ်ပြီးတဲ့နောက် မနက်လင်းလို့ မုန်တိုင်းစဲသွားတဲ့အခါ သူတို့တွေရဲ့ ဆက်ဆံရေး ဘာတွေဆက်ဖြစ်မလဲ၊ အိမ်ရှင်လင်မယားရဲ့ လှည့်ကွက်ကော အောင်မြင်သွားမလဲဆိုတာကိုတော့... ရယ်ရယ်မောမောနဲ့ပဲ ဆက်ကြည့်လိုက်ဖို့ ညွှန်းပါရစေ။ File size… (5.8 GB) / (1.3 GB) / (870 MB) Quality…. WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:41:34 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်