ပါတီတစ်ခုမှာ ပီယာနိုတီးနေတဲ့ Tom Ripley ကို သူဌေးကြီး Herbert Greenleaf က သတိထားမိသွားပါတယ်။ Tom ငှားဝတ်ထားတဲ့ ဂျာကင်ကိုကြည့်ပြီး ပရင့်စတန်ကျောင်းထွက်တစ်ယောက်၊ သူ့သားရဲ့သူငယ်ချင်းတစ်ယောက်လို့ အထင်မှားသွားတာပါ။ အဲဒီလိုနဲ့ အီတလီမှာ လေလွင့်နေတဲ့သား Dicky ကို ပြန်သွားခေါ်ပေးဖို့ Tom ကို စည်းရုံးလာတယ်။ ငွေလိုနေတဲ့ Tom ကလည်း လက်ခံပြီး အီတလီကို ထွက်လာပါတယ်။ Dicky နဲ့တွေ့တော့ သူ့ကို မမှတ်မိတော့တဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ပါလို့ အယုံသွင်းပြီး ရင်းနှီးအောင် လုပ်နိုင်ခဲ့တယ်။ Dicky ရဲ့ ဇိမ်ကျတဲ့ဘဝကို အားကျလာတဲ့ Tom ဟာ အခွင့်အရေးရတိုင်း Dicky လို ဟန်ဆောင်နေတတ်ပါတယ်။ ဒါပေမယ့် Dicky က Tom ကို ငြီးငွေ့လာချိန်မှာတော့ Tom က အထက်တန်းစားဘဝကို စွဲလမ်းနေပါပြီ။ အဲဒီဘဝကို ဆက်ထိန်းထားချင်တဲ့အတွက် ကိုယ့်အလိမ်အညာတွေ မပေါ်အောင် အစွမ်းကုန် ကြိုးစားလာတယ်။ သူဖန်တီးထားတဲ့ ဟန်ဆောင်ဘဝတစ်ခုအတွက် ဘယ်အထိ လုပ်ရဲမလဲဆိုတာကို ဆက်တွေ့ရမှာပါ။ ၁၉၉၉ ခုနှစ်ထွက် Crime၊ Drama၊ Thriller ရုပ်ရှင်ဖြစ်ပြီး Matt Damon၊ Jude Law၊ Gwyneth Paltrow၊ Cate Blanchett နဲ့ Philip Seymour Hoffman တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်