Don't Say Good Luck (2026) ++++++++++ ဆိုဖီဟာ ဂီတပြဇာတ်ကို ရူးသွပ်တဲ့ ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အစွမ်းအစကို ချပြခွင့်ရဖို့ ကျောင်းဂီတပြဇာတ်တစ်ခုမှာ ဇာတ်ပို့နေရာက လူရွေးခံခဲ့ပေမဲ့ ဆိုဖီရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့ ဆရာမက ဆိုဖီ့ကို အဓိကဇာတ်ကောင်နေရာအတွက် ရွေးချယ်ခဲ့ပါတယ်။ ကျောင်းမှာ သတင်းကောင်းရှိနေပေမဲ့ အိမ်မှာတော့ ဆိုဖီ့အမေရဲ့ ကင်ဆာရောဂါက ပြန်ထလာပြီဆိုတဲ့ သတင်းဆိုးကြီးက စောင့်မျှော်နေခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့ ဂီတပြဇာတ်အပေါ် ရူးသွပ်မှုကို သိတာကြောင့် သူ့ရဲ့ဝါသနာနောက်ကိုပဲ ဆက်လိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုဖီဟာ လက်တွေ့ဘဝဇာတ်ခုံမှာတစ်လှည့် စင်ဇာတ်ခုံပေါ်မှာ တစ်လှည့် ကြိုးစားရုန်းကန်ရတဲ့ အခြေအနေကို ရောက်ရှိသွားပါတော့တယ်။ မိခင်မေတ္တာ မိသားစုသံယောဇဉ်ကို ထိထိမိမိ ဖော်ညွှန်းထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်... File Size… (1.81GB) / (894MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 36m Genre ….Comedy, Music, and Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်