Trust (2025) ဆိုတဲ့ ဇာတ်ကားကတော့ ရင်ခုန်စရာ သည်းထိတ်ရင်ဖိုအက်ရှင်လေးပါ၊ Sophie Turner က ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဇာတ်လမ်းက ဒီလိုဗျ၊ Lauren Blake ဆိုတဲ့ ဟောလိဝုဒ်မင်းသမီးတစ်ယောက်က သူ့ဘဝက အတော်လေး အဆင်ပြေနေတုန်း၊ ရုတ်တရက် အင်တာနက်ဟက်ကာတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်ဖြစ်တဲ့ ဓာတ်ပုံတွေ၊ ကိုယ်ဝန်ရှိမရှိစမ်းထားတဲ့ ဓာတ်ပုံတွေကို ဖောက်ထွင်းပြီး လူသိအောင် ဖြန့်လိုက်တာ။ ဒီလိုနဲ့ Lauren ရဲ့ ဘဝက တချက်နဲ့ ဗရုတ်သုတ်ဖြစ်ပြီး အားလုံးရဲ့ ဝေဖန်မှုတွေ၊ အတင်းအဖျင်းတွေကြားမှာ သူ ဘယ်လိုမှ မနေနိုင်တော့ဘူး။ ဒါကြောင့် သူ အားလုံးကို ဖုံးကွယ်ပြီး တိတ်ဆိတ်တဲ့ တောအုပ်ထဲက အိမ်တစ်လုံးမှာ ပုန်းနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဒီအိမ်က သူထင်သလို ဘေးကင်းတဲ့နေရာမဟုတ်ဘူးဗျ။ သူ ယုံကြည်ထားတဲ့ လူတစ်ယောက်က သူ့ကို သစ္စာဖောက်ပြီး လူသတ်သမားတွေကို လွှတ်လိုက်တာ။ ဒီလူသတ်သမားတွေ အိမ်ထဲ ရောက်လာတဲ့အခါ Lauren က သူ့ရဲ့ ခွေးလေး Georgie နဲ့အတူ အသက်ရှင်ဖို့ အသည်းအသန် ရုန်းကန်ရတာပေါ့။ အိမ်ထဲမှာ ပိတ်မိနေရင်း လူသတ်သမားတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ သူ့ရဲ့ အတိတ်က လျှို့ဝှက်ချက်တွေက ဘယ်လိုပေါ်လာမလဲဆိုတာ ကြည့်ရှုလိုက်ပါဦး File size…(1.3 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်