မိုးမရောက်ခင် နွေရာသီအမှီလေး ဇာတ်ကားတစ်ကားမိတ်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးကတော့ ကျောင်းသားကားဖြစ်ပြီး ဆယ်ကျော်သက်တွေကြားမှာ ဖြစ်တဲ့ အချစ်အသီးလေး ပွင့်ဖူးလာတဲ့ပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်....ဒီကားလေးမှာဆိုရင် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ တိတ်တခိုးအချစ်... ချစ်ရတဲ့သူရဲ့ပုံလေးတစ်ပုံရဖို့ ဘယ်လောက်ကြိုးစားခဲ့ရလဲ...ချစ်ရတဲ့သူနဲ့ စကားပြောခွင့်ရချိန်မှာ ပြောချင်တဲ့စကားတွေအစား ဘာမှန်းမသိတာတွေ ပြောမိလို့ နောင်တရရတာတွေ... ချစ်ရတဲ့သူ့ကို ချစ်နေတာကို ဝန်မခံရဲဘဲ လျို့ဝှက်နေရတဲ့ ကောင်မလေးရဲ့ ပုံစံတွေကစလို့...ကံကောင်းလို့ ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူက တစ်ယောက်တည်းဖြစ်လို့ ဖူးစာဆုံရတော့... ပထမဆုံးချစ်ရသူမလို့ အနားမှာအမြဲရှိချင်.. ရှိစေချင်...သူ့အတွက်အရာရာဖြည့်ဆည်းပေးချင်တဲ့အပြင်...ကိုယ့်အိပ်မက်တွေ စိတ်ကူးတွေနဲ့ နောက်ဆုံး မွေးနေ့ဆုတောင်းတွေကအစ သူမှသူပဲဖြစ်လောက်တဲ့ထိ အချစ်ရူးခဲ့ရတဲ့ခံစားချက်တွေနဲ့အတူ....ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် သူတို့ဝေးကွာရပြီး...ဖူးစာမှန်ရင် ဘယ်လို ဆုံဆည်းရတယ်ဆိုတာကို ရိုက်ကူးပုံဖော်ထားတာမလို့... ချစ်တယ်ဆိုတဲ့စကားကို ထုတ်မပြောရဲတဲ့ လျို့ဝှက်ချက်ရှိသူတိုင်း ရင်ဘတ်ချင်းနီး နားလည်ခံစားနိုင်မယ့် Summer Blue Hour ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... Filesize : 1.50 GB / 820 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 1h 55 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်