ဘော်ဘီဂရင်းဟာ နယူးယောက်က နာမည်ကြီး အဒ်ကာဘီဘားကို ကြီးကြပ်ရသူပါ။ ချစ်သူအမန်ဒါနဲ့ အချိန်ဖြုန်း၊ အရင်းနှီးဆုံးသူငယ်ချင်း ဂျန်ဘိုနဲ့ ပါတီတက်ရင်း ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတယ်။ ရုရှားလူမျိုး ဘားပိုင်ရှင် မစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလို ရင်းနှီးပြီး ပိုင်ရှင်က သူ့လုပ်ရည်ကိုင်ရည်ကို သဘောကျထားပါတယ်။ ဘူရှိုင်းရာ့ဗ်က လုပ်ငန်းတိုးချဲ့ဖို့ စဉ်းစားနေသလို ဘော်ဘီကလည်း ဘားလုပ်ငန်းကို မန်ဟတ်တန်ဘက်အထိ ချဲ့ချင်နေတယ်။ အရာရာ အဆင်ပြေနေသလို ရှိနေချိန်မှာပဲ မိသားစုဘက်က ပြဿနာတစ်ခု သူ့ဆီ ရောက်လာပါတယ်။ တကယ်တော့ ဘော်ဘီရဲ့ မူလမျိုးရိုးနာမည်က ဂရင်းမဟုတ်ဘဲ ရူဇင်စကီပါ။ သူ့အဖေဟာ မြို့ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးဖြစ်ပြီး အစ်ကိုကလည်း ရဲအရာရှိတစ်ယောက် ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေး တာဝန်ယူနေတဲ့ အစ်ကိုဟာ ရုရှားမူးယစ်ဂိုဏ်းတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး လုပ်ကြံခံရတယ်။ အဲဒီအဖွဲ့က အဖေ့ကိုပါ လုပ်ကြံဖို့ ကြံနေကြောင်း ဘော်ဘီ သိလာတဲ့အခါ ရဲဌာနနဲ့ ပူးပေါင်းဖို့ ဖြစ်လာပါတယ်။ ပျော်ပျော်နေခဲ့တဲ့ ဘော်ဘီတစ်ယောက် မူးယစ်ဆေးဝါးအမှု ပေါ်ပေါက်အောင် ကိုယ်တိုင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်ကားကြည့်ရန်