အထက်တန်းကျောင်းသား ဘရန့်ဟာ ကားမတော်တဆမှုတစ်ခုမှာ အဖေကို ဆုံးရှုံးလိုက်ရပြီးကတည်းက စိတ်ဒဏ်ရာနဲ့ ဘဝကို ပစ်စလက်ခတ် ဖြတ်သန်းနေပါတယ်။ အဖေသေဆုံးရတာ သူ့ကြောင့်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေပြီး ဆေးခြောက်သုံးသလို ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်အောင် လုပ်တတ်တယ်။ သူ့အတန်းထဲက လိုလာဆိုတဲ့ ကောင်မလေးက သူ့ကို သဘောကျပြီး ကျောင်းကပွဲကို အတူသွားဖို့ ဖိတ်ခဲ့ပေမယ့် ဘရန့်က ငြင်းလိုက်ပါတယ်။ တစ်နေ့မှာတော့ လူတစ်ယောက်က ဘရန့်ကို မေ့ဆေးအုပ်ပြီး ပြန်ပေးဆွဲသွားတယ်။ သတိပြန်ရလာချိန်မှာ သူရောက်နေတဲ့နေရာက လိုလာတို့အိမ် ဖြစ်နေပါတယ်။ လိုလာနဲ့ သူ့အဖေဟာ လူတွေကို ရက်ရက်စက်စက် ညှဉ်းပန်းသတ်ဖြတ်ရတာကို ပျော်ရွှင်တဲ့သူတွေဖြစ်မှန်း သိလိုက်ရချိန်မှာ ဘရန့်က သူတို့ရဲ့အကျဉ်းသား ဖြစ်နေပြီ။ ဒီသားအဖနှစ်ယောက်လက်ကနေ သူလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဆက်ပြထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုနဲ့ ရက်စက်တဲ့အခန်းတွေ များပါတယ်။
ဇာတ်ကားကြည့်ရန်