မိုးသည်းတဲ့ တစ်ရက်မှာ ချာပိရွာကို သွားမယ့် ဒေသအသီးသီးက လူတွေ အိမ်ပျက်ကြီးတစ်အိမ်မှာ မိုးဝင်ခိုရင်း ဆုံမိကြပါတယ်။ အဲဒီထဲက လူတစ်ယောက်က သူတို့သွားမယ့်နယ်မှာ လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ခဲ့တဲ့ မြေခွေးမိစ္ဆာအကြောင်းကို စပြောပြတယ်။ သူပြောတဲ့အကြောင်းအရ အဲဒီတုန်းက ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့ဟာ မင်္ဂလာဆောင်မှာ ဖျော်ဖြေဖို့ ချာပိရွာကို ဖိတ်ခေါ်ခံခဲ့ရပါတယ်။ ရှေးအယူအဆအရ မဖျော်ဖြေခင် ဆုတောင်းပွဲလုပ်နေချိန်မှာ မြေခွေးမိစ္ဆာ ပေါ်လာပြီး အဖွဲ့ခေါင်းဆောင်ကို ညှို့ယူသွားတယ်။ တခြားအဖွဲ့သားတွေကိုလည်း သတ်ဖြတ်ခဲ့ပြီး အခုဇာတ်ကြောင်းပြောနေသူ တစ်ယောက်ပဲ မျက်စိကွယ်လျက် အသက်ရှင်ကျန်ခဲ့တာပါ။ မြေခွေးမိစ္ဆာ ပေါ်လာရတဲ့အကြောင်းကိုတော့ အဲဒီဇာတ်ကြောင်းတစ်ခုတည်းနဲ့ မသိရသေးပါဘူး။ မိုးအတူခိုနေသူတွေက သူတို့သိထားတဲ့ အကြောင်းတွေကို တစ်ယောက်တစ်လှည့် ပြောပြလာကြရင်း လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ရပ်တွေ တဖြည်းဖြည်း ပေါ်လာပါတယ်။ ချာပိရွာမှာ တကယ်ဘာဖြစ်ခဲ့တာလဲ၊ အဲဒီအတိတ်က အခုအချိန်နဲ့ရော ဘယ်လိုဆက်နွှယ်နေမလဲ။
ဇာတ်ကားကြည့်ရန်