Soyut Disavurumcu Bir Dostlugun Anatomisi 2025 IMDb 7.6 ဖာရွတ်လို့ခေါ်တဲ့ သက်လတ်ပိုင်း လူငယ်တစ်ယောက်နဲ့ မသန်စွမ်း သူဋ္ဌေးအဘိုးကြီးကြားက သံယောဇဉ်ကို ထင်းလင်းနေအောင် ဟာသနှောပြီးရိုက်ကူးထားတဲ့ကားကောင်းတစ်ကားလို့ ဆိုရပါမယ် မိဘမဲ့ ဖာရွတ်ကလေးကို အမျိုးသမီးတစ်ယောက်က ခေါ်ယူမွေးစားခဲ့ပေမဲ့ နောက်ပိုင်း ဒီအမျိုးသမီးမှာ သားသမီးတွေရှိလာတော့ ဖာရွတ်တစ်ယောက် အလုပ်လုပ်ဖို့ အင်တာဗျူးပေါင်းများစွာကို လိုက်ဖြေရပါတော့တယ် အလုပ်လုပ်ဖို့ပဲ အာရုံရောက်နေရင်း အိမ်မှုကိစ္စတွေ လစ်ဟင်းကုန်တော့ ပြဿနာတွေဖြစ်ပြီး အိမ်ပေါ်က ဆင်းလာခဲ့တယ် ဒီအချိန်မှာပဲ ရာဖစ်ဆိုတဲ့ မသန်စွမ်းသူဋ္ဌေးအဘိုးကြီးက သူ့ကိုစောင့်ရှောက်ဖို့ရာ လူခေါ်နေချိန်ပေါ့ ဒါနဲ့ ဖာရွတ်တစ်ယောက် သက်ကြီးစောင့်ရှောက်တာမျိုးထင်ပြီး အင်တာဗျူးသွားဖြေပါလေရော စကားပြောလို့လည်းကောင်း တဇောက်ကန်းလုပ်တတ်တဲ့ ဖာရွတ်ကို အဘိုးကြီးက သဘောတွေ့သွားခဲ့တယ် ဒီလိုနဲ့အလုပ်ရသွားတဲ့ ဖာရွတ်တစ်ယောက် အိမ်ထဲမှာပဲ နှစ်ရှည်လများနေလာတဲ့ အဘိုးကြီးကိုသနားမိပြီး အပြင်လောကမှာ ဘယ်လိုသက်စွန့်ဆံဖျား စွန့်စားမှုတွေ ၂ယောက်အတူလုပ်ဖြစ်သွားမလဲဆိုတာကိုတော့...။ File size… 2.2 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်