The Little Mermaid (1989) IMDb - 7.6/10 Won 2 Oscars. Another 10 wins & 8 nominations Rating 7.6 အထိရရှိထားတဲ့ Disney ရဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.... ဒီကားလေးထဲမှာပါတဲ့ ရေသူမလေးအေရီရယ်ဟာ Disney ကပွဲထုတ်ထားတဲ့ မင်းသမီးလေးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး... ပင်လယ်ပြင်ရေအောက်ရဲ့အလှအပတွေကို ဒီကားလေးထဲမှာတဝကြီးခံစားရမှာလည်းဖြစ်ပါတယ်.... ဒီကားလေးဟာ ကျွန်တော်တို့ငယ်ငယ်လေးတည်းက မိန်းကလေးတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်.. ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်ဖြင့်ပင်လယ်ပြင်ကိုရွက်လွှင့်လာတဲ့မင်းသားလေးကို ချောမောလှပတဲ့ ရေသူမလေးအေရီရယ်ကမြင်မြင်ချင်းမေတ္တာသက်ဝင်သွားမိပါတယ်.... ဒါကြောင့် ပင်လယ်ပြင်ကိုပိုင်စိုးချင်နေတဲ့ ပင်လယ်စုန်းမကြီးဆီမှာလူသားဖြစ်အောင်ဖန်ဆင်းပေးဖို့ သူမရဲ့အသံနဲ့အပေးအယူလုပ်ခဲ့ပါတယ်.... ဒီကို အချစ်ကြောင့် ဘာကိုမှမမြင်ပဲလုပ်လိုက်မိတဲ့ရေသူမလေးအေရီရယ်တစ်ယောက်တကယ့် အချစ်စစ်ကိုကောရနိုင်ပါ့မလား..... သူမရဲ့သူငယ်ချင်းရေသတ္တဝါလေးတွေကကော သူမကိုဘယ်လိုကူညီပေးကြမလဲ....သူမကို ရက်စက်ကြမ်းကြုတ်လှတဲ့ ပင်လယ်စုန်းမကြီးဆီကနေကယ်တင်လို့ရနိုင်မလားဆိုတာတွေကိုရသစုံလင်စွာ ကြည့်ရှု့အပန်းဖြေလို့ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... Quality…..BluRay 720p Duration…..01:23:00 Format…Mp4 File Size…(593 MB) Encoder…..Moe Myint Lwin Translator…..Myat Ko Ko
ဇာတ်ကားကြည့်ရန်