Hapkido (1972) IMDb Rating (6.8) ဒီဇာတ်ကားကတော့ နာမည်ကျော် မင်းသမီး အန်ဂျလာမောင့် ရဲ့ အကောင်းဆုံး သိုင်းကွက်တွေကို မြင်တွေ့ရမယ့် ဂန္ထဝင် တရုတ်သိုင်းကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၃၄ ခုနှစ် ဂျပန်တို့ သိမ်းပိုက်ထားတဲ့ ကိုရီးယားနိုင်ငံမှာ တရုတ်လူမျိုး သိုင်းပညာရှင် သုံးဦးဖြစ်တဲ့ ရှောင်ရှီ၊ ဖန်ဝေး နဲ့ ကာအို တို့ဟာ ကိုရီးယားသိုင်းပညာတစ်မျိုးဖြစ်တဲ့ ဟပ်ကီဒို ကို စနစ်တကျ သင်ယူခဲ့ကြပါတယ်။ သင်တန်းဆင်းပြီးတဲ့နောက် သူတို့ဟာ တရုတ်နိုင်ငံ ကို ပြန်လာပြီး ကိုယ်ပိုင်သိုင်းသင်တန်းကျောင်း ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ တရုတ်ပြည်ကို ကျူးကျော်ဝင်ရောက်နေတဲ့ ဂျပန် ဝက်ဝံနက် ဂိုဏ်းက သူတို့ကို အမျိုးမျိုး နှောက်ယှက်စော်ကားလာပါတယ်။ အစပိုင်းမှာတော့ သူတို့ရဲ့ ဆရာကြီးမှာကြားခဲ့တဲ့ "သည်းခံခြင်း" ဆိုတဲ့ စကားအတိုင်း ငြိမ်းချမ်းစွာ နေထိုင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ဂျပန်တွေရဲ့ ရက်စက်မှုတွေနဲ့ မတရားဖိနှိပ်မှုတွေက လွန်ကဲလာတဲ့အခါမှာတော့... သူတို့ သင်ယူခဲ့တဲ့ ဟပ်ကီဒိုသိုင်းပညာကို အသုံးချပြီး အမျိုးသားရေး ဂုဏ်သိက္ခာအတွက်ရော၊ မတရားမှုကို တိုက်ဖျက်ဖို့အတွက်ပါ ဂျပန်သိုင်းသမားတွေကို ရဲရဲဝံ့ဝံ့ ပြန်လည်ရင်ဆိုင်ရတာတွေကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.8 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Drama Duration…. 01:37:30 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်