★ 4.5
ဇာတ်ကား / 2024Skinjacker
Skinjacker (2024) ဇာတ်လမ်းအကျဉ်း တောင်ပေါ်လမ်းမှာ အလင်းတန်းကြီးတစ်ခု ဖြတ်သွားပြီးနောက် Shaun တို မိဘတွေ လျှိဝှက်စွာ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ဆန်းကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အကူအညီတောင်းဖို ကြိုးစားပေမဲ့ လမ်းမှာရှိသမျှ ကားတွေနဲ့ စက်ပစ္စည်းတွေ အကုန်လုံးက အကြောင်းရင်းမရှိဘဲ ရပ်တန့်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တောင်ပေါ်လမ်းမှာ ပိတ်မိနေတဲ့ လူတစ်စုဟာ အချင်းချင်း မယုံသင်္ကာစိတ်တွေနဲ့ တင်းမာနေကြတုန်း လမ်းပေါ်မှာ ထူးဆန်းတဲ့ ဂျယ်လီကွက်တွေကို စတင်တွေ့ရှိလာရပါတယ်။ ဒေသခံတွေ ပြောလေ့ရှိတဲ့ "Biers Beaulach" ဆိုတဲ့ မိစ္ဆာကြီး ဖမ်းဆီးတာ တကယ်ပဲခံလိုက်ရတာလား ၊ သူတိုတွေရော ဒီထူးဆန်းတဲ့ ဘေးအန္တရာယ်ကနေ ဘယ်လိုလွတ်အောင် ပြေးကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။
ဇာတ်ကားကြည့်ရန်