Daggers Inn (2025) ++++++++++ ဇာတ်လမ်းလေးကတော့ Haxanbury လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံက ခေါင်ဖျားပြီး အေးစက်စက်နိုင်တဲ့ ရွာလေးတစ်ရွာကနေ စတင်ထားတာပါ။ Donna Revan ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က အဲဒီရွာမှာ ဆန်းကြယ်စွာ အသတ်ခံခဲ့ရတဲ့ သူမ အစ်မဖြစ်သူရဲ့ သေဆုံးမှုကို ကိုယ်တိုင်စုံစမ်းဖို့ ရွာကို ရောက်ရှိလာခဲ့ပါတယ်။ အပေါ်ယံကြည့်ရင် အေးချမ်းလှပါတယ်ဆိုတဲ့ အဲဒီရွာလေးရဲ့ နောက်ကွယ်မှာ ဒေသခံအာဏာပိုင်တွေ၊ လူကုံထံတွေ ပါဝင်ပတ်သက်နေတဲ့ အမှောင်ဖုံးနေတဲ့ ကွန်ရက်ကြီးတစ်ခု ရှိနေတာကို သူမ သတိထားမိလာပါတယ်။ ဒါပေမဲ့ ပိုပြီးကြောက်ဖို့ကောင်းတာက ဒီလူသတ်မှုဟာ သာမန်လူသတ်မှုတင် မဟုတ်ဘဲ ရွာရဲ့ ရှေးဟောင်း စုန်းကဝေအတတ်၊ ရိုးရာနတ်ဆိုး ကိုးကွယ်မှုတွေနဲ့ ဆက်စပ်နေတာပါ။ Donna တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ရွာသားတွေရဲ့ ခြိမ်းခြောက်မှုတွေတင်မကဘဲ မျက်စိရှေ့တင် မြင်တွေ့လာရတဲ့ သဘာဝလွန် သရဲခြောက်မှုတွေ၊ ဝိညာဉ်လောကရဲ့ အန္တရာယ်တွေကြားထဲ မြုပ်ဝင်သွားတဲ့အခါမှာတော့...။ ရွာသားတွေ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ? Donna ကော ရန်သူတွေနဲ့ ဝိညာဉ်ဆိုးတွေကြားထဲကနေ အသက်ရှင်လျက် အမှန်တရားကို ရှာဖွေနိုင်ပါ့မလားဆိုတာကိုတော့... ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်ဝင်ခန်း နောက်ခံရှုခင်းတွေက ညို့မှိုင်းမှိုင်းနဲ့ အေးစိမ့်စိမ့် ခံစားချက်ကို ပေးစွမ်းနိုင်လို့ Horror & Mystery ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File Size… (856MB) / (525MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 23m Genre ….Mystery ,, Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်