Long Shadows (2025) ++++++++++++ ဒီဇာတ်ကားလေးကတော့ ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်း အမေရိကန် အရီဇိုးနားဒေသမှာ ဇာတ်အိမ်တည်ထားပါတယ်။ မားကပ်စ်တို့ မိသားစု ၃ ယောက်ရဲ့ ငြိမ်းချမ်းနေတဲ့ဘဝလေးဟာ တစ်ရက်မှာတော့ မြင်းဓားပြတွေ ဖျက်ဆီးတာကို ခံလိုက်ရပါတယ်။ ဓားပြတွေက မြင်းတွေကို ခိုးသွားရုံတင်မက မားကပ်စ်ရဲ့ မိဘနှစ်ပါးကိုပါ သတ်ပစ်လိုက်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မားကပ်စ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပျင်းလာခဲ့ရပါတယ်။ ဒီလိုနဲ့ မားကပ်စ်အရွယ်ရောက်လာတဲ့အခါမှာ မိဘမဲ့ဂေဟာကနေ ထွက်ပြီး ဇာတိမြို့လေးကို ပြန်လာခဲ့ပါပြီ။ ဇာတိမြို့လေးကို ရောက်ပေမဲ့ အတိတ်က စိတ်ဒဏ်ရာဟောင်းတွေက ဖိစီးတဲ့အခါ အနာဟောင်းက အသစ်ပြန်ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ ဆိုင်တစ်ဆိုင်မှာ မားကပ်စ်ရဲ့ မိဘတွေကို သတ်သွားတဲ့သူတစ်ယောက်နဲ့ ဆုံမိတဲ့အခါမှာ မိဘနှစ်ပါးအတွက် လက်စားချေချင်စိတ်တွေဟာ စိတ်ထဲမှာ ပြန်လည်ပေါ်ပေါက်လာပါတော့တယ်။ မားကပ်စ်အနေနဲ့ ဘယ်လိုတွေ ရှေ့ဆက်ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size… (1.22GB) / (763MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 40m Genre … Drama , Western Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်