၁၉၅၉ ခုနှစ်မှာ ဒီယာလို့ဗ် ဦးဆောင်တဲ့ ရုရှားတောင်တက်သမား ကိုးယောက်ဟာ ရုရှားနိုင်ငံမြောက်ပိုင်းက ယူရယ်တောင်တွေဆီ စွန့်စားခရီးထွက်ခဲ့ကြပါတယ်။ နှစ်ပတ်အကြာမှာတော့ သူတို့စခန်းနဲ့ အနည်းငယ်လှမ်းတဲ့ နေရာတွေမှာ ကိုးယောက်လုံးကို ထူးဆန်းစွာ သေဆုံးလျက် တွေ့ခဲ့ရတယ်။ ဒီယာလို့ဗ်တောင်ကြားလမ်း မတော်တဆမှုလို့ ခေါ်ကြတဲ့ အဲဒီဖြစ်ရပ်မှန်ကို အခြေခံပြီး ဒီရုပ်ရှင်ကို စိတ်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းထဲမှာ အော်ရီဂွန်တက္ကသိုလ်က ကျောင်းသားငါးယောက်ဟာ အဲဒီဖြစ်ရပ်ရဲ့အဖြေကို ရှာဖို့နဲ့ မှတ်တမ်းရိုက်ကူးဖို့ ယူရယ်တောင်တွေဆီ ထွက်လာကြပါတယ်။ ဒီယာလို့ဗ်တို့ သွားခဲ့တဲ့လမ်းအတိုင်း တောင်တက်လာကြပြီးနောက် သူတို့ငါးယောက်လည်း ပျောက်ဆုံးသွားကြောင်း သတင်းတွေ ထွက်လာတယ်။ သူတို့ ဘာတွေကြုံခဲ့ကြရတာလဲ။ တကယ်ရှိမရှိ မသိရတဲ့ နှင်းလူတွေကြောင့်လား၊ ဂြိုဟ်သားတွေကြောင့်လား၊ ပရလောကအင်အားတွေကြောင့်လား၊ ဒါမှမဟုတ် အစိုးရစစ်တပ်ရဲ့ လုပ်ရပ်တစ်ခုလား။ အဲဒီမေးခွန်းတွေကို သူတို့ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းပုံစံနဲ့ တင်ပြထားတဲ့ ထိတ်လန့်လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းပါ။
ဇာတ်ကားကြည့်ရန်