EPiC: Elvis Presley in Concert (2026) IMDb Rating (8.2) / Rotten Tomatoes (97%) Rock and Roll ဘုရင်ကြီး Elvis Presley ရဲ့ ပရိသတ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုဖြစ်ပြီး၊ ဒါရိုက်တာ Baz Luhrmann က ခေတ်မီနည်းပညာတွေအသုံးပြုပြီး ဖန်တီးထားတဲ့ Documentary / Concert Film အမှတ်တရလက်ရာတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Elvis ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Baz Luhrmann ရဲ့ နောက်ဆက်တွဲ ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သရုပ်ဆောင်တွေနဲ့ ပုံဖော်တာမဟုတ်ဘဲ Elvis Presley ကိုယ်တိုင်ရဲ့ ဖျော်ဖြေမှုမှတ်တမ်းတွေ၊ တစ်ခါမှ အပြင်မှာ မပြသခဲ့ဖူးတဲ့ Footage တွေနဲ့ အသံသွင်းမှတ်တမ်း (Recordings) တွေကို စုစည်းတင်ဆက်ထားတာပါ။ Elvis ရဲ့ စင်ပေါ်က တက်ကြွလှုပ်ရှားမှုတွေ၊ James Burton နဲ့ Glen D. Hardin တို့လို နာမည်ကျော် တီးဝိုင်းအဖွဲ့သားတွေနဲ့အတူ တင်ဆက်ခဲ့တဲ့ ဂန္ထဝင်မြောက် ဖျော်ဖြေပွဲတွေကို အသံပိုင်းနဲ့ ရုပ်ထွက်ပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ပြုပြင်မွမ်းမံပြီး ပြသထားတဲ့အတွက် Elvis ရဲ့ ဖျော်ဖြေပွဲတစ်ခုကို တကယ့်အပြင်မှာ ကြည့်နေရသလို ခံစားရစေမဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုပါ။ File size… (2.6 GB) / (1.4 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary Duration…. 01:36:56 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်