Magellan (2025) IMDb Rating (6.4) / Rotten Tomatoes (88%) ဇာတ်ကားဟာ သမိုင်းဝင် ပေါ်တူဂီရေကြောင်းခရီးသွား ဖာဒီနန် မက်ဂျလန် (Ferdinand Magellan) ရဲ့ ကမ္ဘာပတ်ခရီးစဉ်အကြောင်းကို အနုပညာဆန်ဆန် (Slow Cinema)ပုံစံနဲ့တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၅၁၉ ခုနှစ်မှာ ပေါ်တူဂီရေကြောင်းပြ Magellan က စပိန်ဘုရင်ရဲ့ အထောက်အပံ့နဲ့ ဟင်းခတ်အမွှေးအကြိုင်ကျွန်းများ (Spice Islands) ဆီကို ခရီးစတင်ခဲ့ပုံကနေ အစပြုထားပါတယ်။ ဒီခရီးစဉ်ဟာ သမိုင်းမှာ ပထမဆုံးသော ကမ္ဘာပတ်ခရီးစဉ်အဖြစ် ထင်ရှားပေမဲ့ လမ်းခရီးမှာတော့ မက်ဂျလန်ဟာ သင်္ဘောသားတွေရဲ့ ပုန်ကန်မှုတွေ၊ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိတဲ့အခါမှာတော့ သူဟာ ဒေသခံလူမျိုးစုတွေကို ဘာသာပြောင်းခိုင်းဖို့နဲ့ လက်အောက်ခံဖြစ်အောင် ကြိုးစားရင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး၊ နောက်ဆုံးမှာတော့ မက်တန်ကျွန်း (Mactan) တိုက်ပွဲမှာ နာမည်ကျော် ဒေသခံခေါင်းဆောင် Lapu-Lapu ရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးသွားခဲ့ရပုံကိုရိုက်ပြထားတဲ့ သမိုင်းနောက်ကြောင်းခံ ဒရမ်မာကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (3.1 GB) / (2.7 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure,Drama,History Duration…. 02:43:44 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်