ဘန်နဲ့ သူ့ဇနီး လက်စလီတို့ဟာ သားဦးလေး ငယ်သေးတဲ့အချိန်ကတည်းက မြို့ပေါ်ကနေ ထွက်လာပြီး တောထဲမှာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ခေတ်မီပစ္စည်းတွေမသုံးဘဲ သဘာဝအတိုင်း ရှင်သန်ကြရင်း ကလေးခြောက်ယောက်စလုံးကို တောထဲမှာပဲ ပြုစုပျိုးထောင်လာခဲ့တယ်။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့နဲ့ တိုက်ခိုက်တတ်ဖို့ ပုံမှန်လေ့ကျင့်ပေးသလို စာပေပညာကိုလည်း သူတို့ကိုယ်တိုင် သင်ပေးကြပါတယ်။ နည်းပညာနဲ့ ခေတ်မီအသုံးအဆောင်တွေကို သိခွင့်၊ သုံးခွင့်မရတဲ့ ကလေးတွေဟာ တောထဲက သဘာဝအလှကို ခံစားတတ်အောင် သင်ယူရင်း ကြီးပြင်းလာကြတယ်။ စိတ်ရောဂါအခံရှိတဲ့ လက်စလီဟာ မြို့ပေါ်မှာ အချိန်အတော်ကြာ ဆေးကုနေရာက တစ်နေ့တော့ ဆေးရုံမှာ သေဆုံးသွားပါတယ်။ လက်စလီရဲ့အဖေက သမီးနဲ့ဘန်တို့ တောထဲမှာနေဖို့ ဆုံးဖြတ်ခဲ့တာကို မကျေနပ်တဲ့အတွက် ဘန့်ကို ဈာပနတက်ခွင့်မပြုဘူးလို့ ပြောလိုက်တယ်။ ဒါပေမယ့် အမေနဲ့ အကြာကြီးခွဲနေရတဲ့ ကလေးတွေက လွမ်းနေကြပြီး ဈာပနကို သွားချင်နေကြပါတယ်။ အဲဒီနောက်မှာတော့ ဘန်ဟာ ကလေးတွေကို သူတို့ကြီးပြင်းလာခဲ့တဲ့ တောအပြင်ဘက်က လူ့အသိုင်းအဝိုင်းထဲ ပထမဆုံး ခေါ်သွားရပါတော့တယ်။ အပြင်လောကကို ရောက်လာတဲ့အခါ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ ဘဝကို ကျေနပ်နေကြသေးရဲ့လား။ မိဘနှစ်ယောက် သင်ပေးထားသမျှဟာ ဒီလောကမှာ ရှင်သန်ဖို့ လက်တွေ့အသုံးဝင်ပါ့မလား။ ဘန်ကိုယ်တိုင်လည်း ဖခင်တစ်ယောက်အနေနဲ့ သူလုပ်ခဲ့တာတွေ မှန်တယ်လို့ ဆက်ယုံကြည်နိုင်ဦးမလားဆိုတာ ပြန်မေးရမယ့်အချိန် ရောက်လာပါတယ်။
ဇာတ်ကားကြည့်ရန်