ဇာတ်ကား / 2014Wild2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး
၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့
ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်း
အော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။
Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%....IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်
ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီ
ကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ....
ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီး
အမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် မိုင်ပေါင်း၂၆၅၀အထိရှိတဲ့လမ်းကြမ်းကို လမ်းလျှောက်ခရီးနှင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
အရင်က ဘာ Hiking အတွေ့အကြုံမှလည်းမရှိတဲ့ Cheryl တစ်ယောက်...
ဆန္ဒတစ်ခုတည်းနဲ့ကျောမှာပစ္စည်းအိတ်အလေးကြီးသယ်ပြီး တကိုယ်တော်စွန့်စားခန်းဖွင့်ခဲ့တာပဲဖြစ်ပါတယ်။
ခရီးလမ်းတစ်လျှောက်တွေ့ကြုံရတာတွေ တစ်ယောက်တည်းသွားလာရင်း စဉ်းစားမိတာတွေ..
တေတွးမိတာတွေနောက်မှာ...ခရီးလည်းဆုံးရော သူ့အတွက်အရာရာပြောင်းလဲသွားတာပဲဖြစ်ပါတယ်။
True story-based ဇာတ်ကားကောင်းလည်းဖြစ်တာနဲ့ အညီ ကိုယ်တိုင်ဝင်ရောက်ခံစားမိစေမှာပါ။
(ဘာသာပြန်သူကတော့ Thura Zarni Aung ပါ)
File Size : (950 MB ) and (480 MB)
Quality : Blu-Ray 720p
Running Time : 1hr 55min
Format : Mp4
Genre : Biography, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BRRip x264 DTS-JYK
Translated by Thura Zarni Aung
Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်