The American Dream (2026) ဗီဒီယိုငှားဆိုင်က စာရေးလေးနဲ့ လေဆိပ် သန့်ရှင်းရေးဝန်ထမ်းလေးတို့... ငွေမရှိ၊ အဆက်အသွယ်လည်းမရှိ၊ အင်္ဂလိပ်စာလည်း ကောင်းကောင်းမပြောတတ်ဘဲနဲ့ NBA အားကစား အေးဂျင့်ကြီးတွေ ဖြစ်လာခဲ့ကြတဲ့ အဖြစ်မှန် ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ပြင်သစ် Comedy / Drama / Biography ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဗီဒီယိုငှားဆိုင် ကောင်တာမှာ အလုပ်လုပ်နေတဲ့ "ဂျယ်ရမီ"နဲ့ လေဆိပ်မှာ သန့်ရှင်းရေး လုပ်နေရတဲ့ "ဘူနာ"ဆိုတဲ့ လူငယ် နှစ်ဦးအကြောင်းကနေ စတင်ထားတာပါ။ သူတို့နှစ်ဦးစလုံးဟာ ဘာအဆက်အသွယ်မှ မရှိ၊ ပိုက်ဆံလည်း မရှိတဲ့အပြင် အင်္ဂလိပ်စကားလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ကြပါဘူး။ ဒါပေမဲ့ အိပ်မက်ကြီးမားကြတဲ့ သူတို့နှစ်ဦးဟာ ဘာမဆို ဖြစ်နိုင်တယ်လို့ ယုံကြည်ပြီး... အမေရိကန်နိုင်ငံဆီ ထွက်ခွာကာ ကမ္ဘာ့အကြီးမားဆုံး ဘတ်စကက်ဘော လိဂ်ဖြစ်တဲ့ NBA လောကထဲကို အားကစား အေးဂျင့်တွေအဖြစ် ဝင်ရောက်ဖို့ ကြိုးစားပါတော့တယ်။ မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်မှတ်ထားခဲ့ပေမဲ့... သူတို့ရဲ့ ကြိုးစားမှု၊ ဉာဏ်နီးဉာဏ်ဝေးနဲ့ ဇွဲထက်သန်မှုတွေကြောင့် NBA လောကမှာအောင်မြင်မှု သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပုံကို ကြည့်ရမယ့် ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကောင်း ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်