၁၈၁၅–၁၈၃၉ ခုနှစ်များကို နောက်ခံထားတဲ့ ဇာတ်လမ်းမှာ အက်ဒ်မွန်ဒန်တီနဲ့ သူ့သူငယ်ချင်း ဖာနန်မွန်ဒေဂိုတို့ဟာ ဆရာဝန်ရှာရင်း နပိုလီယန် နယ်နှင်ဒဏ်ခံနေရတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားကြပါတယ်။ အဲဒီမှာ နပိုလီယန်က စာတစ်စောင် လူကြုံပါးလိုက်တော့ စာမဖတ်တတ်တဲ့ အက်ဒ်မွန်ဟာ ရိုးရိုးသားသားပဲ ယူလာပေးခဲ့တယ်။ ဒါပေမယ့် နပိုလီယန်နဲ့ ဆက်သွယ်တာကို သစ္စာဖောက်မှုအဖြစ် စွပ်စွဲနိုင်တဲ့အချိန် ဖြစ်နေပါတယ်။ ဒီစာတစ်စောင်ကြောင့် အက်ဒ်မွန်ဟာ သူမကျူးလွန်ခဲ့တဲ့ သစ္စာဖောက်မှုနဲ့ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်။ သူ့ကို ဘယ်သူတွေက စွပ်စွဲခဲ့ကြတာလဲ၊ ထောင်ထဲကနေ ဘယ်လိုလွတ်မြောက်လာမလဲ၊ အက်ဒ်မွန်တစ်ဖြစ်လဲ ဇက်တာရာကနေ ချမ်းသာကြွယ်ဝတဲ့ မွန်တီခရစ်စတိုမြို့စားကြီး ဘယ်လိုဖြစ်လာပြီး ကလဲ့စားချေမလဲဆိုတဲ့ အကြောင်းတွေကို ဆက်ပြထားပါတယ်။ ၁၈၄၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Alexandre Dumas ရဲ့ ဝတ္ထုကို အခြေခံထားတာဖြစ်ပြီး မူရင်းဝတ္ထုရဲ့ ဘာသာပြန်စာအုပ်တွေလည်း ထွက်ရှိခဲ့ဖူးပါတယ်။
ဇာတ်ကားကြည့်ရန်