Haha ပါဝင်သော ဇာတ်ကားများ
3 ကား
Running Man (2010) အပိုင်းသစ် (825) Variety Show လို့ဆိုလိုက်တာနဲ့ အများစုက Running Man ကိုပဲ အရင်ဦးဆုံး ပြေးမြင်မိကြမှာပါ။ အဲဒီလောက်အထိလည်း နှစ်ရှည်လများစွာ ကြည့်ရှုသူပရိသတ်တွေကို ရယ်မောပျော်ရွှင်မှုတွေ ပေးစွမ်းလာခဲ့တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ဒီအပတ်မှာလည်း မိသားစုနဲ့ မခြားတဲ့ အဖွဲ့ဝင်တွေကြားက သဘာဝဆန်ဆန် စနောက်မှုလေးတွေနဲ့အတူ မစ်ရှင်တွေကို ဘယ်လို အပြိုင်အဆိုင် ကြိုးစားလုပ်ဆောင်သွားကြမှာလဲ... အထူးဧည့်သည်တော်တွေရော ပါလာဦးမှာလား... အလုပ်ကြောင့်ဖြစ်စေ၊ ကျောင်းကြောင့်ဖြစ်စေ ပင်ပန်းလာတဲ့ တစ်နေ့တာ အမောတွေကို ပြေပျောက်စေဖို့ရာ အပတ်စဉ် တနင်္လာနေ့တိုင်း Running Man ဆိုတဲ့ ပျော်ရွှင်ဖွယ် ရိပ်မြုံလေးဆီ အလည်လာရောက် ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။ လက်ရှိ အဖွဲ့ဝင်များအနေနဲ့ Yoo Jae-Seok, Jee Seok-Jin, Kim Jong-Kook, Haha, Song Ji-Hyo, Yang Se-Chan နဲ့ Ji Ye-Eun တို့က ပါဝင်ထားပါတယ်။ Aired: Jul 11, 2010 - ? Aired On: Sunday Genres: Comedy, Game Show, Variety Show, Reality Show Original Network: SBS
ဇာတ်ကားကြည့်ရန်Running Man
2010 · ဇာတ်လမ်းတွဲ
My Boss, My Teacher (2006) ဒီကားကတော့ ပထမကား My Boss,My Hero (2001) ရဲ့ အဆက်ဖြစ်ပါတယ်။ ပထမကားက သရုပ်ဆောင်တွေပဲ ပြန်ပါလာတာမို့ ပထမကားလိုပဲ အချိတ်အဆက်မိမိ ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ပထမကားမှာတော့ လူမိုက်ခေါင်းဆောင် ဂယ်ဒူရှစ် တစ်ယောက် အထက်တန်းကျောင်းကို ပြန်တက်ပြီး အောင်လက်မှတ်ရရှိခဲ့ပေမယ့် သူ့ဆရာ လူမိုက်ဂိုဏ်းချုပ်ကြီးကတော့ တင်းတိမ်ခြင်းမရှိသေးပါဘူး။ သူ့တပည့်ကျော် ဂယ်ဒူရှစ်အနေနဲ့ အဆင့်မီလူမိုက်ဖြစ်ဖို့ ကျောင်းပညာရေးဆက်သင်ရဦးမယ်ယူဆပြီး ကျောင်းကိုထပ်လွှတ်လိုက်ပါပြီ... ဒီတစ်ခါတော့ ကျောင်းသားမဟုတ်တော့ပါဘူး...ကျောင်းဆရာအနေနဲ့ပါ။ လူမိုက်ခေါင်းဆောင် ဂယ်ဒူရှစ် တစ်ဖြစ်လဲ ကျောင်းဆရာ ဂယ်ဒူရှစ်နဲ့ သူ့ရဲ့တပည့်ကျော်ခေါင်းကြီးတို့တွေ ကျောင်းမှာ ဘယ်လိုတွေချကြဦးမလဲဆိုတာ ဆက်လက် ရှုစားလိုက်ကြပါဦးနော် File Size - 2.8 GB/ 1.1 GB Quality - NF WEB-DL 1080p/ 720p Duration - 2h 5m Format - mp4 Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်