ဇာတ်ကား / 2019Wiraမွေးရပ်မြေမှအရှုပ်အရှင်းတွေကို ရှောင်ပြေးဖို့အတွက် စစ်တပ်ထဲဝင်လိုက်တဲ့
ဟတ်ဆန်တစ်ယောက် ကျန်ရစ်ခဲ့တဲ့ အဖေနဲ့ညီမကို မာချန်းပြည်နယ်ဖက်မှာ
အခြေချဖို့ပြန်လာခေါ်ပေမယ့် ခေါင်းမာလွန်းတဲ့အဖေနဲ့ညီမကြောင့် အခက်တွေ့ခဲ့ရပါတယ်
အိမ်မြေနေရာတွေကို ဈေးနှိမ်ပြီးဝယ်ပြီး ကွန်ဒုံးစက်ရုံကို ဟန်ပြတည်ဆောက်ပြီး
တရားမဝင်စီးပွားရေးတွေလုပ်နေတဲ့ ခရိုနီ ရာဂျေးဟာ ရပ်ကွတ်နေပြည်သူတွေကို
တန်းလျားတစ်ခုဆောက်ပေးပြီး စက်ရုံမှာအလုပ်ပေးထားပါတယ်
နည်းပါးတဲ့လစာနဲ့ အိမ်ငှားခအများကြီးပေးနေရတဲ့ပြည်သူတွေကတော့
အကြွေးနဲ့လုပ်အားကို မုန့်လုံးကိုစက္ကူကပ်သလို အပြန်ပြန်အလှန်လှန်ဆပ်နေကြရတယ်
ဒီထဲမှာ ဟတ်ဆန်ရဲ့အဖေနဲ့ညီမလည်း ပါဝင်ခဲ့ပါတယ် ဟတ်ဆန်က စစ်ထဲမဝင်ခင်
ရာဂျေးရဲ့လက်ဝှေ့သမားလုပ်ခဲ့တာကြောင့် ညှိနှိုင်းပြီး ကြွေးများရှင်းအောင်
လုပ်မယ်စိတ်ကူးနဲ့ စကားသွားပြောရာမှ သူပြန်မဝင်ချင်တဲ့ကြိုးဝိုင်းကို
ရာဂျေးသားသမီးတွေနဲ့ ယှဉ်ပြိုင်ဖို့ပြန်ဝင်ဖြစ်ရာက ဇာတ်လမ်းတွေရှုပ်ကုန်ပါရော
ထုလိုက် ရိုက်လိုက် ထိုးလိုက် ခုတ်လိုက် ထစ်လိုက် နဲ့ရင်သပ်ရှုမောကြည့်ရှုရမယ့်
အင်ဒိုဖိုက်တင်ကားကောင်းလေးကို ဖိုက်တာကြီးများ လက်လွှတ်မခံပဲကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
Filesize : 1.79 GB / 971 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Action, Drama, Crime
Runtime : 1h 48 min
Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်